ကချင်ပြည်နယ် လူငယ်ရေးရာကော်မတီ၏ စတုတ္ထအကြိမ်မြောက် ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းစည်းဝေး

မြစ်ကြီးနား ဒီဇင်ဘာ ၂၃
ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီ၏ စတုတ္ထအကြိမ် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ကျင်းပပြုလုပ်ရာ ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးက တက်ရောက် အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များက လူငယ်မူဝါဒနှင့်ပတ်သက်၍ မိတ်ဆက် ရှင်းလင်းတင်ပြခြင်း၊ ကချင်ပြည်နယ်လူငယ့်ရေးရာကော်မတီ (Kachin State Youth Affair Committee) ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ လက်ရှိကော်မတီဝင်များ၏ လုပ်ရှားဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာအကြီးအကဲများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီအနေဖြင့် ၂၀၁၈ ခုနှစ် မေလမှ သြဂုတ်လအတွင်း ညှိနှိုင်း အစည်းအဝေးများကို ၃ ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်နိုင်ခဲ့ကြပြီး ကော်မတီ၏ အမှတ် တံဆိပ် (Logo) ရေးဆွဲခြင်း၊ အဖွဲ့ဝင်များ၏ တာဝန်နှင့် ဝတ္တရာများ ဆွေးနွေးသတ်မှတ်ခြင်းများနှင့် ရန်ပုံငွေရှာဖွေရေး၊ သတင်းနှင့်ပြန်ကြားရေး၊ ဘဏ္ဍာရေးစသည့် ဆပ်ကော်မတီများကို ဖွဲ့စည်းနိုင်ခဲ့ ကြောင်းသိရှိရသည်။
Visitors: 15,637