ကာလတိုသက်မွေးပညာသင်တန်းဆင်းလက်မှတ်များပေးအပ်

မြစ်ကြီးနား ဒီဇင်ဘာ ၂၂
ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Myanmar Kindness Group တို့ ပူးပေါင်း၍ ရွှေ့ပြောင်းစခန်းများရှိ လူငယ်၊ လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ House Keeping and Restaurant Service အခြေခံသင်တန်းနှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း သင်တန်းများကို အစိုးရနည်းပညာ အထက်တန်းကျောင်း (မြစ်ကြီးနား)နှင့် MHTI (Myanmar Hospitality & Tourism Institute တို့က မိုင်းနား (KBC) တိုက်ပွဲရှောင်စခန်း၌ နိုဝင်ဘာ (၆)ရက်က စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြသည်။
အဆိုပါ သင်တန်းဆင်းလက်မှတ်များပေးအပ်ပွဲတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး Myanmar Kindness မှ Founder ဒေါ်ခင်မာလာက ပူးပေါင်းပံ့ပိုးဆောင်ရွက်ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် အဆိုပါ သက်မွေးပညာသင်တန်းများတွင် တက်ရောက်ခဲ့ကြသည့် မိုင်းနား(KBC) စခန်း၊ ဝိုင်းမော်မြို့၊ ပူတာအို၊ မိုးကောင်း၊ တနိုင်း၊ နမ္မတီး၊ မြစ်ကြီးနားမြို့တို့နှင့် စီတာပူရပ်ကွက် အနီးနားရှိ ကျေးရွာများမှ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး House Keeping and Restaurant Service အခြေခံသင်တန်းတွင် တက်ရောက်ပြီးစီးသူ (၅၅)ဦး နှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း သင်တန်းတွင် တက်ရောက်ပြီးစီးသူ (၁၉)ဦးတို့အား သင်တန်းဆင်းလက်မှတ်များကို ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စခန်းတာဝန်ခံက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
Visitors: 17,770