တောင်သူများစိုက်ပျိုးရေးကဏ္ဍအထောက်အကူပြုရေးအတွက် လယ်ယာသုံးစက်ကိရိယာအရောင်းပြခန်းဖွင့်လှစ်

မြစ်ကြီးနား ဒီဇင်ဘာ ၁၉
ကချင်ပြည်နယ်အတွင်းရှိ တောင်သူများအတွက် စိုက်ပျိုးရေးကဏ္ဍအထောက်အကူပြုရေး KUBOTA (GBS) COMPANY LIMITED မှ မြစ်ကြီးနားရုံးခွဲသစ်နှင့် လယ်ယာသုံးစက်ကိရိယာအရောင်းပြခန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် နံနက်၉နာရီခွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်ရှိ အဆိုပါ ရုံးခွဲသစ်၌ ကျင်းပပြုလုပ်ခဲ့သည်။
KUBOTA (Good Brother) Co.,Ltd ၏ လယ်ယာသုံးစက်ကိရိယာအရောင်းပြခန်း မြစ်ကြီးနားရုံးခွဲ သစ်ကို ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်း၊ စည်းလုံးညီညွတ်ရေး နှင့်ဒီမိုကရေစီပါတီ၊ ကချင်ပြည်နယ်၊ ဥက္ကဌ ဦးခက်ထိန်နန်၊ Good Brother Co.,Ltd ၏ Founder ဦးဇော်ဇော်လေးနှင့် KUBOTA MYANMAR Co.,Ltd မှ Mr.Saito တို့က ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီး ဦးမြသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး Good Brother Co.,Ltdမှ အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ထွန်းက ကုမ္ပဏီကိုယ်စား လယ်ယာသုံးစက်ကိရိယာ အရောင်းပြဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ KUBOTA MYANMAR Co.,Ltd ၏ တာဝန်ရှိသူ Mr.Saito က KUBOTA ၏ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး၊ တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများကို လှည့်လည်ကြည့်ရှုရာ KUBOTA (Good Brother) Co.,Ltd မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။
အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့မှစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးမြသိန်း၊ စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ၊ ကချင်ပြည်နယ်ဥက္ကဌ ဦးခက်ထိန်နန်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ Good Brother Co.,Ltd ၏ Founder ဦးဇော်ဇော်လေးနှင့် တာဝန်ရှိသူများ၊ KUBOTA MYANMAR Co.,Ltd မှ Mr.Saito၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
Visitors: 9,355