ကလေးစာပေပွဲတော်(မြစ်ကြီးနား)ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ညှိနှိုင်း အစည်းအဝေးကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာ ၁၄
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ကချင်ပြည်နယ်အစိုး ရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၌ ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး မြစ်ကြီးနားတက္ကသိုလ်တွင် လှည့်လည်ကြည့်ရှု ခြင်းနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းများ ဆောင်ရွက်ကြ သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ကလေးစာပေပွဲတော် ကျင်းပမည့် မြစ်ကြီးနား တက္ကသိုလ်၏ မုဒ်ဦးများနှင့် ဝင်/ထွက်လမ်းများ၊ ဘွဲ့နှင်းသဘင်ခန်းမနှင့် သုသေသနအဆောက် အဦ၊ စာသင်ခန်းမနှင့် စာသင်ဆောင်များ၊ ပြပွဲ၊ပြိုင်ပွဲနှင့် ဖျော်ဖြေရေးဆိုင်ရာများ ကျင်းပမည့်နေရာ များကို လှည့်လည်ကြည့်ရှုကြသည်။
ထိုနောက် ပြည်နယ်အစိုးအဖွဲ့ရုံး၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပမည့် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြား သည်။
ပြည်ထောင်စုဝန်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းအချက်အလက်ပြန်ကြား ရေးဆိုင်ရာများ၊ ပညာဖြန့်ဝေရေးဆိုင်ရာများနှင့် ဖျော်ဖြေရေးဆိုင်ရာများကို မြန်မာ့အသံ၊ ရုပ်မြင် သံကြားနှင့် သတင်းစာများစသည့် နိုင်ငံပိုင်မီဒီယာအဖွဲ့အစည်းများနှင့် ဆောင်ရွက်နေမှုများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆ့ရေးဦးစီးဌာန၏ ခရိုင်၊ မြို့နယ်ရုံးစာကြည့်တိုက်များတွင် လူထုအ ခြေပြုဗဟိုဌာနများဖွင့်လှစ်ဆောင်နေမှုများ၊ မြန်မာနိုင်ငံ ပြန်တမ်းအပါအဝင် နိုင်ငံတော်အစိုးရ၏ ပုံနှိပ်ရေးဆိုင်ရာလုပ်ငန်းများ၊ စာပေဗိမ္မာန်မှ စာအုပ်ထုတ်ဝေရေးဆောင်ရွက်နေမှုများကို ဦးစွာ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကလေးစာပေပွဲတော်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကျင်းပရခြင်းရည်ရွယ် ချက်နှင့် ပွဲတော်ကျင်းပခဲ့ရမှုများ၊ မြစ်ကြီးနားတွင် ကျင်းပမည့် ကလေးစာပေပွဲတော်တွင် တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများမှ ပြခန်းနှင့် ဖျော်ဖြေရေးဆိုင်ရာ များတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ ကချင်ပြည်နယ်အတွင်းရှိ ဒေသများအလိုက် လမ်းပန်းဆက် သွယ်ရေးအပေါ်မူတည်၍ သွားလာရေးနှင့် တည်းခိုနေထိုင်ရေးတို့ကို သက်ဆိုင်ရာအဖွဲ့များနှင့် ပူပေါင်းဆောင်ရွက်ရေး၊ ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင် ရေးတို့အတွက် လိုအပ်ချက်များ ပူးပေါင်းဖြည့်ဆည်းဆောင်ရွက်ပေးရေးတို့ကို ရှင်းလင်းပြောကြား သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ပြည်နယ်အတွင်းရှိ ကလေးများ မှစ၍ လူငယ်များ လမ်းမှားမရောက်စေရန် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ် လာပြီး အသိပညာဗဟုသုတများ တိုးပွားလာစေဖို့ရန်နှင့် အနာဂတ်တွင် လူချွန်လူကောင်းများ ထွက်ပေါ်လာစေရန်အတွက် ကလေးစာပေပွဲတော်အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ၂၀၁၉ ခုနှစ် ဇန်နဝါရီ (၂၀)ရက်မှ (၂၂)ရက်နေ့အထိ ကျင်းပမည့် ကလေးစာပေပွဲတော်နှင့် ပတ်သက်၍ ပြန်ကြားရေးနှင့် ပညာရေးဝန်ကြီးဌာနများမှ ပါဝင်ဆောင်ရွက်မည့် အခြေအနေများနှင့် ပြည်နယ်အစိုးရအဖွဲ့မှ စီမံဆောင်ရွက်ပေးရန်များကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်ကြီးနားခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မြို့နယ်စာရေးဆရာများအသင်း၊ စာပေချစ်သူများအဖွဲ့၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး စာပေဆိုင်ရာများ ဆွေးနွေးကြသည်။
ပြန်ကြားရေးဝန်ကြီး၊ ပညာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကလေးစာပေပွဲတော်(မြစ်ကြီးနား)ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၀၊ ၂၁၊ ၂၂)ရက်များတွင် မြစ်ကြီးနားမြို့၌ ကျင်းပမည်ဖြစ်ရာ ပြပွဲ၊ ပြိုင်ပွဲများနှင့် ဖျော်ဖြေရေးအစီအစဉ်များကို ကချင် ပြည်နယ်အတွင်းရှိ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများအပြင် ဘုန်းတော်ကြီးသင်စာသင်ကျောင်းများ ပူးပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
Visitors: 15,637