လွယ်ဂျယ်မြို့ရှိ လီဆူတိမ်းရှောင်စခန်း၌ မိသားစုဝင်များ၏ ကလေးငယ်များအား အနွေးထည်အင်္ကျီများထောက်ပံ့ပေးအပ်

ဗန်းမော် ဒီဇင်ဘာ ၇
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးအားတီယောဟန်သည် လီဆူတိမ်းရှောင်စခန်း မိသားစုဝင်များ၏ ကလေးငယ်များအား အနွေးထည်အင်္ကျီ ထောက်ပံ့ပေးအပ်ပွဲကို ဒီဇင်ဘာ ၇ ရက် နံနက် ၈ နာရီတွင် ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ လီဆူတိမ်းရှောင်စခန်း၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီး ဦးအားတီယောဟန်က အမှာစကား ပြောကြား ခဲ့ပြီး တိမ်းရှောင်မိသားစုဝင်များ၏ ကလေးငယ်များအား အနွေးထည်များထောက်ပံ့ပေးခဲ့ရာ စခန်းတာဝန်ခံကကျေးဇူးတင်စကားပြောကြားခဲ့သည်။အဆိုပါပေးအပ်ပွဲတွင် လွယ်ဂျယ်မြို့ပေါ်ရှိ လီဆူတိမ်းရှောင်စခန်း(၅)ခုမှ မိသားစုဝင်များ၏ကလေးများအား ထောက်ပံ့ပေးအပ်နိုင်ခဲ့ ကြောင်း သိရသည်။
Visitors: 17,770