မြစ်ကြီးနားမြို့၌ ၂၀၁၈ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာ(၄)
၂၀၁၈ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်း အနားကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်(နေပြည်တော်)မှ စီမံချက်မန်နေဂျာ ဒေါက်တာထွန်းညွှန့်ဦး က မြန်မာနိုင်ငံအတွင်း ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး UNAIDS မှ Country Director Mr.Oussama Tawil က UNAIDS ၏ သဝဏ်လွှာအား ဖတ်ကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်နိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှ သံအမတ်ကြီးတို့က ကချင်ပြည်နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော HIV ကာကွယ်ရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု အန္တရာယ် လျှော့ချရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား/ သူများက ရိုးရာအကအလှများဖြင့် လည်း ကောင်း၊HIV ပိုးရှိ အသက်ရှင်နေထိုင်သူများ (ကချင်အားမာန်ကွန်ယက်အဖွဲ့) တေးသရုပ်ဖော်အက အလှများဖြင့်လည်းကောင်း၊ Aye Myanmar Association အဖွဲ့က ခွဲခြားနှိမ့်ချမှုမပြုပါနဲ့တေး သရုပ်ဖော်အကဖြင့် ဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် ၂၀၁၈ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ UNAIDS မှ Country Director နှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာကျော်စိုးတို့က ဂုဏ်ပြုဆုတံဆိပ်နှင့် မှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားဦးလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သံအမတ်ကြီးများနှင့်တာဝန်ရှိသူများ၊ အခမ်းအနားတက်ရောက်လာသူ များက ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားအထိမ်းအမှတ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ UNAIDS ၊ ဆက်စပ်လူမှုရေးအသင်းအဖွဲ့များ ပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
Visitors: 8,447