မြစ်ကြီးနားမြို့၌ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာ(၃)
၁၉၉၂ ခုနှစ်မှ စတင်၍ နှစ်စဉ် ဒီဇင်ဘာ(၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြသည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင် ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ပြီး အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိ သောသူများအားဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းက အမှာစကားပြောကြားပြီး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်မြမာလာစိုးက အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများအနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့ လာသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားသည်။
ယင်းနောက် အခမ်းအနားအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် သီချင်းဆို ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ မသန်စွမ်းကျောင်းသား/သူများအား ပြည်နယ်ဝန်ကြီး နှင့်အတူ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီး မှူ၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် မြစ်ကြီးနားမျက်မမြင်ကျောင်းမှ ကျောင်းသား/သူများက ခေတ်ပေါ် တေးသီချင်း များဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် များ၊ INGO အဖွဲ့အစည်းများ၊ မသန်စွမ်းအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
Visitors: 8,518