ကချင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များအသင်းမှ ပြည်နယ်အစိုးအဖွဲ့ထံ ငွေကျပ်သိန်း(၃၀၀)လှူဒါန်း

မြစ်ကြီးနား နိုဝင်ဘာ(၃၀)
ကချင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံကျောက်မျက်လုပ် ငန်းရှင်များအသင်းမှ ပြည်နယ်အစိုးရအဖွဲ့ထံ ငွေကျပ်သိန်း (၃၀၀)ပေးအပ်လှူဒါန်းပွဲကို နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါအခမ်းအနားတွင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က မြန်မာနိုင်ငံကျောက် မျက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊အဖွဲ့ဝင်များနှင့်အတူ ဖားကန့်ဒေသအတွင်း မူးယစ်ဆေး ဝါးဆိုင်ရာကိစ္စရပ်များနှင့် ဥရုချောင်းတိမ်ကောမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်သည့် အခြေအနေ များနှင့် စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ်သိန်း(၃၀၀)ကို ပြည်နယ်အစိုးရအဖွဲ့ထံ ပေးအပ်လှူဒါန်းရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးHလအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။
Visitors: 8,528