ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အစားထိုးခန့်အပ်နိုင်ရေး ပြည်နယ်လွှတ်တော်က သဘောတူကြောင်း အတည်ပြုဆုံးဖြတ်

မြစ်ကြီးနား နိုဝင်ဘာ(၂၈)
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အစားထိုးခန့်အပ်နိုင်ရေး အတွက် ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၈) ပထမနေ့ တွင် ပြည်နယ်လွှတ်တော်က သဘောတူကြောင်း အတည်ပြုဆုံးဖြတ်လိုက်သည်။
အဆိုပါ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ အမည်စာရင်းကို ပြည်နယ်ဝန်ကြီးချုပ်၏ ခွင့်ပြုချက်အရ ပြည်နယ်အစိုးရဖွဲ့ဝင်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးမြသိန်းက ကချင် ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ကြည်း-၂၀၀၈၁ ဗိုလ်မှူးကြီး သူရမျိုးတင်၊ မြောက်ပိုင်းတိုင်းစစ်ချုပ်ဌာနချုပ်အား အခြားတာဝန်ပေးအပ်ရန်ရှိသဖြင့် တပ်မတော် သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကြည်း-၂၃၇၄၂ ဗိုလ်မှူးကြီးနေလင်းထွန်း၊မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ဝန်ကြီး အဖြစ် အစားထိုးခန့်အပ်နိုင်ရေး အတည်ပြုရွေးချယ်ထားပြီးဖြစ်ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(စ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ)တို့ပါ ပြဋ္ဌာန်းချက်များအရ ကချင်ပြည်နယ်အစိုးရအဖွဲ့ ၏လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်နိုင်ရေးအတွက် အမည်စာရင်းကို တင်သွင်းရာ ပြည်နယ်လွှတ်တော်က ကန့်ကွက်သူမရှိသဖြင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ်အစားထိုးခန့်အပ်နိုင်ရေးပြည်နယ်လွှတ်တော်ကသဘောတူကြောင်းအတည်ပြုဆုံးဖြတ် ခဲ့သည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် (၄၇)ဦးတို့ တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ တပ်မတော်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး နေလင်းထွန်းက လွှတ်တော်ဥက္က ဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုပြီး ကတိစ္စာပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးသည်။ ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း (၈)ခုကို မေးမြန်း ကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး အထူးအစည်း အဝေး ပထမနေ့ကို ရပ်နားလိုက်သည်။
Visitors: 8,528