ကချင်ပြည်နယ် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်သူများအား ပညာရည်ချွန်ဆုချီးမြှင့်

မြစ်ကြီးနား နိုဝင်ဘာ(၂၇)
၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကချင်ပြည်နယ်အတွင်း ရှိအခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ပေးအပ် ခြင်းအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာအခမ်းအနား ကို ကျောင်းသား/သူများက ဘက်စုံပညာကိုရည် ဒို့လှမ်းချီတေးသီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးခဲ့ ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့က ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကချင်ပြည်နယ်၏ အောင်မြင်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဘာသာစုံ ဂုဏ်ထူးရှင် ၁၀ ဦး၊ ၅ ဘာသာ ၃၁ ဦး၊ ၄ ဘာသာ ၇၁ ဦး၊ ၃ ဘာသာ ၂၂၉ ဦး၊ နှစ်ဘာသာ ၄၂၄ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၂၃၄၀ ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၃၁၀၅ ဦးတို့နှင့် ပြည်နယ်အတွင်း မြို့နယ်အဆင့်အောင်ချက်အကောင်းဆုံး မြို့နယ်များနှင့် ကျောင်းသားဦးရေ (၁၀၀) အထက်နှင့်အောက် တို့တွင် အောင်ချက်အများဆုံးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ၊ ဘာသာရပ်အလိုက်ဂုဏ်ထူးအများ ဆုံးရ ဆရာများနှင့် ဘာသာတွဲအလိုက်ပြည်နယ်အဆင့် ပထမ၊ ဒုတိယ၊ တတိယဆုရကျောင်းသား/သူ များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုတံဆိပ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ထူးချွန်ဆုချီးမြှင့်ခံရသော ကျောင်းသား/သူများကိုယ်စား ရာပြည့်ကိုယ်ပိုင်အထက် တန်းကျောင်းမှ ၆ ဘာသာဂုဏ်ထူးရှင် မသန်းသန်းဆင့်က ကျေးဇူးတင်စကားပြောကြားပြီး အခြေခံပ ညာကျောင်းသား/သူလေးများက ကမ္ဘာ့အဆင့်ကိုမီ ပညာရည် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ကချင်ပြည်နယ်အနေဖြင့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူပေါင်း ၃၃၂၁၂ ဦးအနက် ၉၉၇၄ ဦး ဖြေဆိုအောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၀.၀၃% ရှိခဲ့ပြီး ဂုဏ်ထူးရှင် ၃၁၀၅ ဦးထွက်ပေါ်ခဲ့ကာ တစ်နိုင်ငံလုံးတွင် ဝိဇ္ဇာဘာသာတွဲ ဆဌမအဆင့်ရရှိသူ ကျောင်းသူတစ်ဦးပါဝင် ခဲ့ကြောင်းနှင့် ဗန်းမော်မြို့နယ်သည် အောင်ချက်အကောင်းဆုံးမြို့နယ်ဖြစ်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် ယခင် နှစ်ကထက် အောင်ချက်ရာခိုင်နှုန်း ၀.၀၂% အနည်းငယ်လျော့ကျခဲ့သော်လည်း ဂုဏ်ထူးထွက်ရှိသူဦးရေ မှာ ယခင်နှစ်ကထက် ၁၀၄၁ ဦး ပိုမိုခဲ့ကြောင်း ပြည်နယ်ပညာရေးဌာန၏ စာရင်းများအရ သိရှိရသည်။
Visitors: 8,518