မိုင်းနား RC စစ်ရှောင်စခန်းမိသားစုများအား အမျိုးသားကျန်းမာရေးကွန်ယက်မှ နယ်လှည့်ကွင်းဆင်းစစ်ဆေးကုသရေးလုပ်ငန်းဆောင်ရွက်

မြစ်ကြီးနား နိုဝင်ဘာ(၂၀)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေးကွန်ယက်၏နယ်လှည့်ကွင်းဆင်းစစ်ဆေး ကုသရေးလုပ်ငန်းကို ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်း ဦးဆောင်၍ သမားတော်ကြီး များ၊ ဆရာဝန်များနှင့် သူနာပြုဆရာမများက ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မိုင်းနား RC စစ်ရှောင် စခန်း၌ ယနေ့ နံနက်ပိုင်းတွင် စခန်းနေမိသားစုဝင်များအား ခွဲစိတ်ကုသပေးခြင်း၊ အရေပြားရောဂါ၊ ကလေးကျန်းမာရေးနှင့် သွားနှင့်ခံတွင်းရောဂါများ စစ်ဆေးပေးခြင်း၊ သားဖွားနှင့် မီးယပ်ကုသပေး ခြင်း၊ အထွေထွေကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်တို့က အားပေးကြည့်ရှုခဲ့ကြပြီး စခန်းနေမိသားစုဝင်များအား အားပေးစကားပြောကြားခဲ့ကြကာ အာဟာရမုန့် များကို ဝေငှကြွေးမွေးခဲ့ကြသည်။
Visitors: 8,518