ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ကျော်ဓာတ်အားလိုင်းနှင့် ကျေးရွာ(၉)ရွာသို့ လျှပ်စစ်မီးစတင် ပို့လွှတ်ခြင်းဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ေပး

မြစ်ကြီးနား နိုဝင်ဘာ(၁၆)
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ကျော် ဓာတ်အားလိုင်းနှင့် ကျေးရွာ(၉)ရွာသို့ လျှပ်စစ်ဓာတ်အားစတင်ပို့လွှတ်ခြင်းဖွင့်ပွဲနှင့် ဗန်းမော်မြို့ သန့်ရှင်းသာယာလှပစေရေး မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို နိုဝင်ဘာ(၁၄)ရက်နှင့် (၁၅)ရက်တို့တွင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်လွှတ်တော်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေကူမြို့နယ် (၃၃)ကေဗွီ ရွှေကူ-ကျွန်းတော်-မိုးစစ် ဧရာဝတီ မြစ်ကျော်ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ ကျေးရွာ (၉)ရွာတို့ အားလျှပ်စစ်မီးစတင်ပို့လွှတ်ခြင်း ဖွင့်ပွဲအခမ်းအနားသို့ နိုဝင်ဘာ(၁၅)ရက် နံနက်ပိုင်းတွင် တက်ရောက်ခဲ့ ကြသည်။
အဆိုပါ အခမ်းအနားကို ရွှေကူမြို့ အမှတ်(၂)ရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေးရှိ မြစ်ကျော်တာ ဝါတိုင်အနီး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မိမိတို့အစိုးရအဖွဲ့အနေ ဖြင့် စတင်တာဝန်ယူချိန်မှစပြီး ပြည်နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ နှစ်အလိုက် ဘဏ္ဍာငွေခွဲဝေလျာထားပြီး လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင် ရွက်ခဲ့ပါကြောင်း၊ ပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေဖို့ရန်အခြေခံအကျဆုံးသည် လျှပ်စစ်မီး ကဏ္ဍဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၃၀ ခုနှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေးဦးတည်ချက်ထားဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်အတွင်းရှိ မြို့ပြ/ကျေးလက်တို့တွင် လူထု၏ စီးပွားရေး၊ ပညာရေး၊ကျန်းမာရေး၊ လူမှုရေးအစရှိ သည့်ကဏ္ဍအားလုံး ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးရေးကို အထူး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း ကာယ၊ ဉာဏစွမ်းအားဖြင့် အားလုံးပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ရေလဲကျေးရွာနေ ဒေသခံဦးဝင်းမင်းသန့်က မိမိတို့ ကျေးရွာများအနေဖြင့် လျှပ်စစ် ဓာတ်အားကို (၂၄)နာရီအချိန်ပြည့်သုံးစွဲနိုင်တော့မည်ဖြစ်သည့်အတွက် ကျေးလက်နေလူမှုအဆင့်အတန်း မြင့်မားလာနိုင်မည်ဖြစ်ပြီး အခြေခံကျသည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများ မြင့်မားလာတော့ မည်ဖြစ်သည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားသည်။
ထို့နောက် ဧရာဝတီမြစ်ကျော် (၃၃)ကေဗွီဓာတ်အားလိုင်းနှင့် ကျေးရွာများသို့ လျှပ်စစ်မီးစတင် ပို့လွှတ်ခြင်းကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ လမ်းပန်း ဆက်သွယ်ရေး၊လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဦးဝင်းညွန်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဦးယုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
ဖွင့်လှစ်လိုက်သည့် ဧရာဝတီမြစ်ကျော် ရွှေကူ- ကျွန်းတော်- မိုးစစ် (၃၃)ကေဗွီဓာတ်အားလိုင်းကို ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်(၂၀၉၉.၈၂၅)သန်းဖြင့် တည်ဆောက် ပေးခဲ့ခြင်းဖြစ်ပြီး ဧရာဝတီမြစ် တစ်ဖက်ကမ်း ကျေးရွာအုပ်စု(၅)ခုရှိ ကျွန်းတော်ဘုရား တည်ရှိရာ ကျွန်းတော်ရွာ အပါအဝင် မိုးစစ်၊ ပေါက်ကုန်း၊ သင်္ဘောအင်း၊ ရေလယ်၊ ရွှေချောင်းသာ၊ ဆင်တပ်၊ ရွှေပဒေသာ၊ မဟာနဒီ အစရှိသည့် ကျေးရွာ(၉)ရွာတို့အား လျှပ်စစ်မီးလင်းရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့မှ ရန်ပုံငွေကျပ် (၇၀၆.၅၅၁)သန်း ထပ်မံအသုံးပြု၍ (၁၁)ကေဗွီဓာတ်အားလိုင်း၊ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ (၁၉)လုံးနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်းများကို တစ်ဆက်တစ်စပ်တည်း တည်ဆောက်ပေးခဲ့ သောကြောင့် အဆိုပါ ကျေးရွာများရှိ အိမ်ခြေ(၂၁၃၅)၊ အိမ်ထောင်စု (၂၁၇၅)စုနှင့် လူဦးရေစုစုပေါင်း (၁၁၈၅၅)ဦးတို့အတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုဝင်ဘာ(၁၄)ရက် မွန်းလွဲပိုင်းတွင် ဗန်းမော်မြို့နယ် စုပေါင်းရုံး (၄)ထပ်အဆောက်အဦဆောက်လုပ်နေမှု၊ ဗန်းမော်နည်းပညာတက္ကသိုလ်ကျောင်းဝင်း အတွင်း (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာနှင့် ဆရာ/ဆရာမများအဆောင်၊ (၃)ထပ် စာသင်ဆောင်အဆောက် အဦသစ်ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦများကို သတ်မှတ်ချိန်ပြီးစီးရေးနှင့် စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး ဆောက်လုပ်သွားကြရန် မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ဗန်းမော်မြို့အဝေးပြေးကားဝင်းဆောက်လုပ်ရန်လျားထားသည့် ဟန်တဲကွင်းပြင် နေရာရှိ မြေဧက(၃၀.၄၉)ဧကအား ကြည့်ရှုစစ်ဆေးပြီး ပြည်သူ့ဆေးရုံကြီးအတွင်း တိုးချဲ့လူနာဆောင် အဆောက်အအုံသစ်ရှေ့ မြေနိမ့်ချိုင့်ဝှမ်းအား မြေဖို့ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ဗန်းမော်မြို့ ခွန်သာရပ်ကွက်ရှိ သင်္ဘောဆိပ်ကမ်းနားလမ်းသာယာလှပရေး ကျောက်စီရေထိန်းနံရံဆောက်လုပ်ထားရှိမှုနှင့် ခွန်သာ-မြေနုရပ်ကွက်အတွင်း ကွန်ကရစ်လမ်းခင်းကျင်း ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Visitors: 8,447