အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများအား ဂုဏ်ပြုဆုများချီးမြှင့်

မြစ်ကြီးနား နိုဝင်ဘာ(၆)
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အနှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများအား အမှတ်တရ လက်ဆောင်များနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးများတက် ရောက်အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားကာ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် အမှတ်တရအင်္ကျီများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပခဲ့ပြီး ဝန်ထမ်းများအား ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က အမှာစကားပြောကြားပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ဝန်ထမ်းသား/သမီးများ ကျောင်းသား/သူ(၈)ဦးတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခဲ့သည်။
ယင်းနောက် ပြည်နယ်အုပ်ချုပ်ရေးမှူး၏ဇနီး၊ ပြည်နယ်မိသားစု စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌဒေါ်သီတာအောင်က ဝန်ထမ်းအိမ်ရာဆုရ ဝန်ထမ်း(၃)ဦးတို့အား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ခဲ့ပြီး ပြည်နယ်ညွှန်ကြားရေးမှူးဦးမျိုးဦးက ၂၀၁၇ ခုနှစ် နိုဝင်ဘာ(၇)ရက်နေ့မှ ၂၀၁၈ ခုနှစ် နိုဝင် ဘာ(၆)ရက်နေ့အထိ စည်းကမ်းကောင်းမွန်မှုနှင့် ခွင့်မယူသည့် ဝန်ထမ်း(၁၄)ဦးတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
Visitors: 8,447