အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပြီး သွေးလှူဒါန်းပွဲပြုလုပ်

မြစ်ကြီးနား နိုဝင်ဘာ(၂)
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသော အား ဖြင့် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများက ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားပြည့်သူ့ဆေးရုံကြီးအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့ကြပြီး သွေးလှူဒါန်းခဲ့ ကြသည်။
ဆေးရုံဝန်းအတွင်း ဝန်ထမ်းများက ခြုံများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များသန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ တံမျက်စည်းလှည်းကျင်းပေးခြင်း စသည့်လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေး ကြပြီး ဆေးရုံကြီးသွေးလှူဘဏ်ဌာန၌ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၅၀)ဦးခန့်တို့၏ စုပေါင်းသွေး လှူဒါန်းမှုအား ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်နှင့် ဆရာဝန်၊ သူနာပြုများက လက်ခံဆောင်ရွက် ပေးနေမှုကို ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်နှင့် ညွှန်ကြားရေးမှူးများက လိုက်လံအားပေးခဲ့ကြပြီး အာဟာဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြသည်။
Visitors: 8,447