ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့်အဖွဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ပြန်လည်ထွက်ခွာ

မြစ်ကြီးနား အောက်တိုဘာ(၁၉)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms.Christine Schraner Burgener နှင့်အဖွဲ့တို့သည် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အတူ ယနေ့ မွန်းလွဲ (၁၂)နာရီ (၄၅)မိနစ်တွင် ကချင် ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှ လေကြောင်းခရီးစဉ် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားကြရာ မြစ်ကြီးနားအခြေစိုက်UN တာဝန်ရှိသူများက ပြန်လည်ပို့ဆောင်ပေးခဲ့ကြသည်။
Visitors: 8,518