ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့်အဖွဲ့ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းများအား သွားရောက်လေ့လာ

မြစ်ကြီးနား အောက်တိုဘာ(၁၇)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms.Christine Schraner Burgener နှင့်အဖွဲ့တို့သည် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်တို့သည် ယနေ့ နံနက်(၈)နာရီခွဲမှစတင်၍ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများ သို့သွားရောက်၍ မိသားစုဝင်များနှင့် တွေ့ဆုံပြီး စခန်းများအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးတို့နှင့်အတူ မြစ်ကြီးနား မြို့ ဂျာမိုင်ကောင်းရပ်ကွက်ရှိ ကတ်သလစ်အသင်းတော် တိုက်ပွဲရှောင်စခန်းသို့ သွားရောက်ခဲ့ကြပြီး စခန်းတာဝန်ရှိသူများနှင့်ဆွေးနွေးကာ စခန်းအတွင်း မိသားစုများဝင်များ၏ နေအိမ်များနှင့်ကလေး များအတွက် ဖွင့်လှစ်ထားသည့် မူကြိုကျောင်းတို့ကို ကြည့်ရှုလေ့လာခဲ့ကြသည်။
ယင်းနောက် နောင်နန်းရပ်ကွက် တြိနီတိဘုရားကျောင်းဝင်းအတွင်းရှိ IDP Camp နှင့် ဂျော် မဆပ်ဘုရားကျောင်းဝင်းအတွင်းရှိ IDP Camp များတွင် စခန်းတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး စခန်း နေမိသားစုများ နေထိုင်စားသောက်ရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းရရှိမှုအခြေအနေတို့ကိုတွေ့ဆုံ ဆွေးနွေးကာ စခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် အထူးကိုယ်စားလှယ်နှင့် အဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ မိုင်းနား RC စစ်ရှောင်စခန်းအတွင်း မိသားစုဝင်များ အသက်မွေးဝမ်းကျောင်းအတွက် ယက်ကန်းလုပ်ငန်း ဆောင်ရွက်သည့် အခြေအနေနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများမှ မိသားစုများအား ပြန်လည်နေရာချထားသည့်အိမ်ရာတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ထိုမှတစ်ဆင့် မိုင်းနားKBC ဘက်စုံဖွံ့ဖြိုးရေးခြံအတွင်းရှိ IDP စခန်းနှင့် ခတ်ချို IDP စခန်းများသို့ သွားရောက်ပြီး စခန်း တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မိသားစုဝင်များ၏ နေအိမ်များ၊ မိသားစုများ အသက်အမွေးလုပ်ငန်း အတွက် ပယင်းသွေးလုပ်ငန်းများ၊ ကလေးပျော်စခန်းများကို ကြည့်ရှုလေ့လာခဲ့ကြသည်။
Visitors: 8,518