ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့်အဖွဲ့ ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံ

မြစ်ကြီးနား အောက်တိုဘာ(၁၇)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms.Christine Schraner Burgener နှင့်အဖွဲ့တို့သည် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်တို့သည် ယနေ့နံနက်(၉)နာရီ (၁၅)မိနစ်တွင် ကချင်ပြည် နယ်၊ မြစ်ကြီးနားလေဆိပ်သို့ မြန်မာ့လေကြောင်းဖြင့်ရောက်ရှိခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီးဒေါက်တာသင်းလွင်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
ထိုမှတစ်ဆင့် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ဒုတိယဝန်ကြီးတို့နှင့်အတူ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်၊ လူမှုရေးဝန်ကြီး၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ဥပဒေချုပ်တို့နှင့် တွေ့ဆုံ ခဲ့ကြသည်။
Visitors: 8,518