နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ်အခမ်းအနား မြစ်ကြီးနားမြို့၌ ကျင်းပ

မြစ်ကြီးနား အောက်တိုဘာ(၁၅)
နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲကို မြစ်ကြီးနား မြို့၌ ကျင်းပရာ အေးမြသာယာမျက်မမြင်ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ကျောင်းသား/သူများ၊ လင်းလက်ကြယ်မျက်မမြင်အဖွဲ့တို့နှင့်အတူ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့် ပြည် နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သူနာပြုသင်တန်းကျောင်းတို့မှ သင် တန်းသား/သူများက သခင်နက်ဖေလမ်းနှင့် စျေးကြီးလမ်းထောင့် တောင်ဝင်သဇင်ဧည့်ရိပ်သာရှေ့ စုရပ်မှ ယနေ့နံနက် (၆)နာရီခွဲတွင် စတင်တာလွှတ်ပြီး သခင်နက်ဖေလမ်းမှတဆင့် ရုံးကြီးလမ်း အတိုင်း မြို့တော်ခန်းမအထိ စုပေါင်းလမ်းလျှောက်ကြရာ ရပ်ကွက်နေပြည်သူများက လမ်းဘေး ဝဲ/ယာ တစ်လျောက် ကြိုဆိုအားပေးကြခဲ့ကြသည်။
ထို့နောက် မြို့တော်ခန်းမ၌ နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ဂုဏ်ပြုအမှာ စကားပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် (၁၀)သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် သီးခြားဌာနဆိုင်ရာများက ငွေကျပ်(၉၁၅၀၀၀)သိန်း၊ ပြည်နယ်လွှတ်တော်မှငွေကျပ်(၂)သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ ငွေကျပ် (၁)သိန်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ငွေကျပ်(၁)သိန်း၊ ပြည်နယ်အဆင့်ဌာနဆိုင် ရာများမှငွေကျပ်သိန်း(၂၀)နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ငွေကျပ်(၉၆၅၀၀၀) တို့ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့လှူဒါန်းကြရာ မျက်မမြင်ကျောင်းအုပ်ကြီး ဦးလမုန်ဂမ်ဖန် က လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် မျက်မမြင်ကျောင်းမှ ကျောင်းသား/သူများနှင့် လင်းလက်ကြယ်မျက်မမြင်အဖွဲ့ တို့က ခေတ်ပေါ်တေးသီချင်းများ၊ တေးသရုပ်ဖော်အကများဖြင့် ဖျော်ဖြေတင်ဆက်ကပြကြပြီး တာဝန်ရှိသူများနှင့် အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတကာမျက်မမြင် လမ်းလျှောက် တုတ်နေ့အထိမ်းအမှတ်ပြသထားသည့် ပြခန်းနှင့် မျက်မမြင်များ၏ လက်မှုပညာပစ္စည်းများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
Visitors: 8,518