မြစ်ကြီးနားမြို့၌ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မြစ်ကြီးနား အောက်တိုဘာ(၁၃)
၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီး ချုပ်ဒေါက်တာခက်အောင်က တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း ဘေးအန္တရာယ်(၁၁၆)ကြိမ်ဖြစ်ပွားခဲ့ပြီး ဘေးသင့်ပြည်သူဦးရေ (၈၉၈၄)ဦးနှင့် ပျက်စီးဆုံးရှုံး မှုတန်ဖိုးကျပ်သန်းပေါင်း (၁၁၁၂.၅)သန်းရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ဒါကို ကြည့်ခြင်းအားဖြင့် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတွေသည် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည်ကို ခန့်မှန်းလို့ရမည်ဖြစ်ပါကြောင်းနှင့် သို့ဖြစ်ပါ၍ ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များတွင် ရပ်ရွာအ ခြေပြု သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေနှင့် လျော့ပါးရေးဆိုင်ရာသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများပူးပေါင်း၍ ဆောင်ရွက်သွားကြ ရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ UNDP မှ ပြည်နယ်ညှိနှိုင်းရေးမှူးတာဝန်ခံ ဦးထွန်းထွန်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားပြီး သဘာဝဘေးအန္တရာယ်လျော့ပါးရေး မှတ်တမ်းဗီဒီယိုကို ဖွင့်လှစ်ပြသခဲ့သည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာသူများက သဘာဝဘေးလျော့ပါးရေးဆိုင်ရာ ပြသ ထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ UN အဖွဲ့အစည်းဝင်များနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/သူများ၊ ဒေသခံများတက် ရောက်ခဲ့ကြသည်။
Visitors: 8,518