ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဌမနေ့ဆက်လက်ကျင်းပ

မြစ်ကြီးနား အောက်တိုဘာ (၈)
ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဌမနေ့ကို ယနေ့နံနက်(၁၀)နာရီတွင် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄၇)ဦးတို့ တက် ရောက်ကြသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနဆိုင်ရာမေးခွန်း (၄)ခု၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာနဆိုင်ရာ မေးခွန်း(၄)ခု၊လူမှုရေးဝန်ကြီးဌာနဆိုင်ရာမေးခွန်း(၅)ခုတို့ကိုမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာပြည်နယ် ဝန်ကြီးများကပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ “ကချင်ပြည်နယ် ယစ်မျိုးခွန်ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်း”အားလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသူရမျိုးတင်ကတင်သွင်းရာ လွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီအဖွဲ့ဝင်ခေါင်လန်ဖူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအားခီဆာက ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကော်မတီ၏ စိစစ်ချက်အစီရင်ခံစာကိုတင်သွင်းသည်။
ယင်းနောက် အစည်းအဝေးသတ္တမနေ့တွင် ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းထားခဲ့သည် “ကချင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဥပဒေအား ကချင်ပြည်နယ် အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းများဥပဒေဟု ပြင်ဆင်သည့် ဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ ဥက္ကဋ္ဌက ဥပဒေကို ပြင်ဆင်ရုံမျှဖြင့်မူလဥပဒေကိုရုပ်သိမ်းခွင့်မရှိကြောင်းနှင့် မူလဥပဒေကိုရုပ်သိမ်းလိုပါက လွှတ်တော် ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် ဥပဒေပြုလုပ်ငန်းစဉ်များအတိုင်း ဥပဒေကြမ်းအသစ်တင်သွင်းခြင်း ဖြင့်သာဆောင်ရွက်သင့်ကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အကြံပြုတင်ပြချက်ပါအတိုင်း လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ အတည်ပြုကြောင်းဆုံးဖြတ်ခဲ့ပြီး ဥပဒေကြမ်းအသစ်ပြန် လည်တင်သွင်းရန် ဆုံးဖြတ်သည်။
ထို့နောက် အစည်းအဝေးပထမနေ့တွင် ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော“၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း”အား လွှတ် တော်ကိုယ်စားလှယ်များကဆွေးနွေးကြပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ကာ အစည်း အဝေး အဌမနေ့ကို ရုပ်နားလိုက်သည်။
Visitors: 8,518