ပြည်နယ်ဝန်ကြီးချုပ် လီဆူတိုင်းရင်းသားလူမျိုးများဘောလုံးပြိုင်ပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား အောက်တိုဘာ(၅)
လီဆူတိုင်းရင်းသားများ မျိုးချစ်စိတ်ဓာတ်နှင့် အားကစားစိတ်ဓာတ်ဖြင့် နိုင်ငံဂုဏ်ဆောင် နိုင်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပသည့် ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင်လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဖလား၊ လီဆူတိုင်းရင်းသားလူမျိုးများ(အမျိုးသား) အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ မွန်းလွဲ (၂)နာရီခွဲတွင် မြစ်ကြီးနားမြို့ ပြည်နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် လီဆူတိုင်းရင်းသားအဆိုတော်များက တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေကြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောက်က ယခုလို လီဆူတိုင်းရင်းသားလူ မျိုးများ အမျိုးသားဘောလုံးပြိုင်ပွဲကို ကျင်းပပေးခြင်းသည် လူအများအားကစားကို စိတ်ပါဝင်စား လာပြီး အားကစားလှုပ်ရှားမှုများ ကိုယ်တိုင်ကိုယ်ကျလေ့လာလိုက်စားကြကာ ကျန်းမာကြံ့ခိုင်သော နိုင်ငံသားများ ဖြစ်လာစေသလို အချင်းချင်း စည်းလုံးညီညွတ်မှုရရှိစေမှာဖြစ်ကြောင်း တိုက်တွန်း မှာကြားသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအားတီ ယောဟန်က အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားပြီး နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ဖြစ်လာစေဖို့ ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားကာ လီဆူတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌနှင့်အတူ ဘင်ခရာအဖွဲ့များနှင့် အေရိုးဗစ် စကားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဘောလုံးအသင်းများအား လိုက်လံနှုတ်ဆက်အားပေးကြသည်။
ထို့နောက် ဇရာအိုအသင်းနှင့် ကညာပျိုအသင်းတို့က အပျော်တန်းယှဉ်ပြိုင် ကစားပြသခဲ့ကြ ကာ အဖွင့်ပွဲစဉ်အဖြစ် မြစ်ကြီးနားခရစ်တော်အသင်းတော်အသင်းနှင့် မြစ်ကြီးနား (မြောက်ပိုင်း) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဖလား၊လီဆူတိုင်းရင်းသားအမျိုးသားများ အလွတ် တန်းဘောပြိုင်ပွဲကို ယနေ့စတင်၍ နိုင်ဝင်ဘာ(၂)ရက် နေ့အထိ ဝိုင်းမော်၊ ဖားကန့်၊ ပူတာအို ယဉ်ကျေးမှုအသင်းများ၊မြစ်ကြီးနားခရစ်တော်အသင်းတော်၊ လီဆူအသင်းတော်(က၊ခ)၊ မြစ်ကြီးနား (မြောက်ပိုင်း၊တောင်ပိုင်း၊အနောက်ပိုင်း)အသင်းတို့နှင့် မြစ်ကြီးနားနှစ်ခြင်းအသင်းတော် စသည့် အသင်း (၁၀)တို့က ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ကြောင်း သိရှိရသည်။
Visitors: 8,447