ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဌမနေ့ဆက်လက်ကျင်းပ

မြစ်ကြီးနား အောက်တိုဘာ (၄)
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးဆဌမနေ့ကို ယနေ့နံနက်(၁၀)နာရီတွင် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄၈)ဦးတို့ တက် ရောက်ကြသည်။
အစည်းအဝေးတွင်လွှတ်တော်ကိုယ်စားလှယ်များက ခေါင်လန်ဖူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလေးက ခေါင်လန်ဖူးမြို့နယ် ရှီလန်ဒမ်းကျေးရွာအုပ်စု၊ ဒေဘော် ကျေးရွာနှင့် ဇီယော်ကျေးရွာအကြားရှိအမတ်လော်ချောင်းနှင့် ရီနမ်မေချောင်းဆုံလူကူးကြိုးတံတား (၁၂၀)ပေအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အသစ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်း အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အဆိုပါကြိုးတံတား (၁၂၀)ပေအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ထည့်သွင်းတောင်းခံထားခြင်းမရှိသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရေးဆွဲထည့် သွင်းတောင်းခံပေးသွားမည်ဖြစ်ကြောင်းနှင့် တဆက်တည်းမှာပင် ပြည်နယ်ဘတ်ဂျတ်တွင်လည်း ထည့်သွင်းတောင်းခံပေးသွားမည်ဖြစ်ကြောင်း၊ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းဖြေကြားသည်။
ဆက်လက်၍ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇော်လင်းအောင်က မြစ် ကြီးနားခရိုင်အတွင်းချီဖွေ-လုပီ-ပန်ဝါလမ်းအား ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာ နိုင်ရေးအတွက် ကွန်ကရစ်လမ်း(သို့မဟုတ်) ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိမေးခွန်းအား လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးက၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းလမ်းဦးစီးဌာနမှ ရန်ပုံငွေရရှိရေး ထည့်သွင်းရေးဆွဲဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းဖြေကြားခဲ့ပြီးအဆိုပါ မေးခွန်းများအပါအဝင် မေးခွန်း(၁၃)ခုကို မေးမြန်းခဲ့ ကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ယင်းနောက်ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းထားခဲ့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကချင် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီစိစစ်ချက်အစီအရင်ခံစာအချက်များနှင့် လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေး မှုများကို ပြည်နယ်ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အစည်းအဝေးဆဌမနေ့ကိုရပ်နားလိုက်သည်။
Visitors: 8,518