ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ဆက်လက်ကျင်းပ

မြစ်ကြီးနား အောက်တိုဘာ (၃)
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္ဇမနေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄၈)ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ခေါင်လန်ဖူးမြို့နယ်၊ ဒါရ်ဘန်ကျေးရွာနေ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ကျေးရွာနေပြည်သူများသောက်သုံးရေရရှိရေးအတွက်ပေ(၃၈၀၀) ဝေးကွာသောချောင်းမှလည်းကောင်း၊ လားတားကော်ကျေးရွာအုပ်စု မထီဆွတ်ကျေးရွာနေ ပြည်သူများ သောက်သုံးရေရရှိရေးအတွက် ပေ(၃၀၀၀)ဝေးကွာသောချောင်းမှလည်းကောင်း ရေသွယ်၍ ရေဂါလံ (၆၀၀၀)ဆံ့ ရေကန်(၁)ကန်စီအား ရေသွယ်လုပ်ငန်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်း၊ ၂၀၁၈ ခုနှစ် မေလ(၈)ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ထိန်ချုံးဟိန်ရုန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်တို့သည် ကချင်ပြည် နယ်၊ မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးဇုံစီမံကိန်းတည်ဆောက်ရန် နားလည်မှုစာချွန်လွှာအား အများပြည်သူ သိရှိနိုင်ရန် ပြည်နယ်လွှတ်တော်၊ သက်ဆိုင်ရာရေးရာကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များထံ ချပြရန်အစီအစဉ်ရှိ/မရှိမေးခွန်းများအပါအဝင် မေးခွန်း (၁၂)ခုကိုမေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ် ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ထို့နောက် အစည်းအဝေးပထမနေ့တွင် ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းထားခဲ့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် (၃)ဦးတို့က အစည်းအဝေးတတိယနေ့တွင် မံစီမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ်ဦးမင်းမင်း၏ “မံစီမြို့နယ်၊ ပန်ခန်းကျေးရွာအုပ်စုနှင့် တရုတ်နိုင်ငံနယ်ခြား ကျောက်တိုင်(၅၃/၀)(၅၃/၁)(၅၃/၃)စသည့် ကျောက်တိုင်များ ပျောက်ဆုံးနေမှုအား ပြန်လည်တိုင်းတာ စိုက်ထူနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း” အဆိုကို လွှတ် တော်ကိုယ်စားလှယ်(၂)ဦးက ထောက်ခံဆွေးနွေးကြရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပြီးလျှိုဝှက်မဲပေးဆုံးဖြတ်ခဲ့ကြပြီး ထောက်ခံမဲ(၃၈)မဲဖြင့် ယင်းအဆိုအား လွှတ်တော် ကအတည်ပြုဆုံးဖြတ်ကာ အစည်းအဝေး ပဉ္ဇမနေ့ ကိုရပ်နားလိုက်သည်။
Visitors: 8,447