(၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် မှုခင်းဖော်ထုတ်နိုင်မှု ထူးချွန်ဆုများပေးအပ်ချီးမြှင့်

မြစ်ကြီနား အောက်တိုဘာ(၁)
(၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ပြည်နယ်အတွင်းရှိ မူခင်းဖော်ထုတ်နိုင်မှု ထူးချွန်ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်မှ ပေးပို့လာသော (၅၄)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာ ကို ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထက်လွင်က ဖတ်ကြားသည်။
ယင်းနောက် ပြည်နယ်အတွင်း မှုခင်းဖော်ထုတ်နိုင်မှုအတွက် အမှုထမ်းကောင်းလက်မှတ်နှင့် ဆု များကိုပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က ရာဇသတ်ကြီးပုဒ်မ-၃၀၂/၁၁၄အမှုမှ တရားခံများအား စွမ်းစွမ်းတမံလိုက်လံဖမ်းဆီးနိုင်ခဲ့သည့် ဝိုင်းမော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်(၂)ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာက ရာဇသတ်ကြီးပုဒ်မ-၃၀၂/ ၃၆၄/ ၁၁၄ အမှုမှတရားခံ(၄)ဦး အား(၄၈)နာရီအတွင်း သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့သည့် လုံခင်းနယ်မြေရဲ စခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင်က ရာဇ သတ်ကြီးပုဒ်မ-၃၈၀ အမှုမှ တရားခံများအား (၇)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် မြစ်ကြီးနား မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်နယ်ဥပဒေချုပ် ဦးဒီဆင်ရမ်က ရာဇသတ်ကြီးပုဒ်မ-၃၇၆/၃၀၂ အမှုမှ တရားခံ(၂)ဦးအား (၃)ရက်အတွင်း ဖမ်းဆီးဖော်ထုတ်ပေးနိုင်ခဲ့သည့် မိုးကောင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအား ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်များကို ဂုဏ်ပြုချီးမြှင့်ခဲ့ ကြသည်။
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပေးပို့လာသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ကြိုးပမ်းဆောင် ရွက်မှု ဗီဒီယိုဖိုင်ကို ဖွင့်လှစ်ပြသခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာသူများက (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပြသထားသည့် ပြည်နယ်ရဲတပ်ဖွဲ့၏ ကြိုးပမ်း ဆောင်ရွက်မှု ပြခန်းငယ်အား ကြည့်ရှုအားပေးခဲ့ကြသည်။
Visitors: 8,527