ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့နာယကဖလား အေရိုးဗစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား စက်တင်ဘာ(၂၈)

၂၀၁၈ခုနှစ်၊ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ နာယကဖလားခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ယာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွှဲ(၃)နာရီတွင် မြစ်ကြီးနား မြို့၊ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲကို နံနက်(၉)နာရီမှ စတင်၍ မိုးလုံ လေလုံအားကစားခန်မ၌ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ပူတာအိုခရိုင် (၄)ခရိုင်တို့မှ (၉)ဦးတွဲ အငယ်တန်းနှင့် အကြီးတန်းပြိုင်ပွဲ၊ (၃)ဦးတွဲနှင့် (၁)ဦးချင်း ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအရပ် ရပ်တွင် မြစ်ကြီးနားခရိုင်မှ ပထမဆုရရှိခဲ့သည်။
ပြိုင်ပွဲဝင်အသင်းများအား ဆုချီးမြှင့်ပွဲတွင် ပထမဆုရ မြစ်ကြီးနားခရိုင်အသင်းက ပြိုင်ပွဲများ အလိုက်အေရိုးဗစ်ကစားနည်းကိုသရုပ်ပြကစားပြသခဲ့ကြပြီး ပြိုင်ပွဲများအလိုက် ခရိုင်(၄)ခရိုင်မှ အသင်း များအား ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထဆုများကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ဆုတံဆိပ် များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူက ပြိုင်ပွဲအရပ်ရပ်တွင် ပထမဆု ရမြစ်ကြီးနားခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

Visitors: 8,518