ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တို့အကြား MOU လက်မှတ်ရေးထိုး

မြစ်ကြီးနား စက်တင်ဘာ(၂၅)
ကချင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(KSCCI)နှင့် မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)တို့အကြား စီးပွား ရေးကဏ္ဍနှင့် လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း၍ ရှေ့ရှုဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲကို ယနေ့ နံနက် ပိုင်းတွင် မြစ်ကြီးနားမြို့ CARTEL HOTEL ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယခုလို မန္တလေးကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက မိမိတို့ ကချင်ပြည်နယ်အသင်းနှင့် လာရောက် ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လက်တွဲခေါ်ဆောင်မည်ဖြစ်သည့်အတွက် ဝမ်းမြောက်ဝမ်းသာစွာ ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိတို့ ပြည်နယ် မြန်ဆန်စွာဖွံ့ဖြိုးတိုးတက်လာစေရန် ပညာရှင် များစုဖွဲ့ပါဝင်တဲ့ ယခုအသင်းများက ဝိုင်းဝန်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်၏ လူမှုရေး၊ စီးပွားရေးကဏ္ဍနှင့် ပုဂ္ဂလိကစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် MOU ရေးထိုးပြီးနောက် လုပ်ငန်းများလျင်မြန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းဖြင့် တိုက်တွန်းမှာ ကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်ကျော်က တိုင်းဒေသကြီးအသင်း၏လုပ်ငန်းစဉ်များနှင့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍ၊ပြည်တွင်း/ ပြည်ပ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိသည့် အခြေအနေများနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (KSCCI) ဥက္ကဋ္ဌ ဦးပေါ်ဦးက ပြည်နယ်အသင်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် နှစ်ဖက်အသင်းများအကြား စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးရှေးရှု ဆောင်ရွက်ရန် နှင့်ထိုမှတဆင့် တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံကျသော ပုဂ္ဂလိကကဏ္ဍကို အထောက် အကူပြုစေရန်၊ ကုန်ထုတ်လုပ်မှုဆိုင်ရာနည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများတွင် အတူတကွပူးပေါင်းဆောင်ရွက်ကြရန်စသည့်ရည်ရွယ်ချက်များဖြင့် နားလည် မှုစာချွန်လွှာ(MOU)ကို တိုင်းဒေသကြီးအသင်းဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်အသင်းဥက္ကဋ္ဌတို့က လက်မှတ် ရေးထိုးခဲ့ကြပြီး လဲလှယ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့်စက်မှုလက်မှုဝန်ကြီးတို့နှင့်အတူ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသ ကြီးအသင်းဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
Visitors: 8,447