မန်စီမြို့နယ်အတွင်း ရေကြီးနှစ်မြုတ်၍ မိုးစပါးပျက်စီးဆုံးရှုံးခဲ့သည့်တောင်သူများကို ပြည်နယ်အစိုးရက ထောက်ပံ့ငွေပေးအပ်

မန်စီ စက်တင်ဘာ ၂၅

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်းရှိ ရေကြီးနှစ်မြုတ်၍ မိုးစပါးစိုက်ဧကများ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအတွက် စက်တင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီက ဟန်ထက်ကျေးရွာ ရွာလယ်ခန်းမ၌ ထောက်ပံ့ငွေပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ထောက်ပံ့ငွေများပေးအပ်ပွဲတွင် ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဦးခင်မောင်မြင့် နှင့် လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအားတီယောဟန်တို့က အမှာစကားပြောကြားခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးချင်းဖေလင်းIပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးမင်းမင်းI ခရိုင်အုပ်ချုပ်ရေးမှူးဦးထွေးမြင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ခေါင်တို့က တောင်သူ (၁၁၃) ဦး၏ ပျက်စီးခဲ့သည့် လယ်ဧက (၁၉၉) ဧက အတွက် တစ်ဧကလျှင် (၃၂၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း (၆၃၆၈၀၀၀) ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက မြို့နယ်အတွင်းရှိ ဓမ္မစကူးကျောင်းများ အတွက်ငွေကျပ် (၁၀) သိန်းကိုပေးအပ်ခဲ့ရာ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်က လက်ခံခဲ့သည်။

Visitors: 8,528