တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှမ်းတိုင်းရင်းသားကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်

မြစ်ကြီးနား စက်တင်ဘာ(၂၄)
ကချင်ပြည်နယ်အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၃)ဘာသာနှင့် အထက်ဂုဏ်ထူးရ ရှမ်းတိုင်းရင်းသား ကျောင်း/သားသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို စက်တင်ဘာ(၂၃)ရက် နံနက်(၉)နာရီတွင် ခေမာသီရိရပ်ကွက် ရှမ်းမျိုးနွယ်စုဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို ရှမ်းတိုင်းရင်းသားလူငယ်မောင်မယ်များက ကွမ်းစောမ်ပီနှောင့် ရှမ်းတေး သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က အဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းနှင့် ရှမ်း မျိုးနွယ်စုများစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းမြင့်ကျော်တို့က ဂုဏ်ထူးရကျောင်းသား/ သူများအား ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြသည်။
ယင်းနောက် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရခဲ့သည့် ပြည်နယ်အတွင်းရှိ ရှမ်းတိုင်း သားကျောင်းသား/သူ (၃) ဘာသာ (၃၆)ဦး၊ (၄)ဘာသာ(၁၆)ဦး၊ (၅)ဘာသာ (၆)ဦးနှင့် (၆) ဘာသာ (၅)ဦးတို့အား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ခဲ့ကြရာ ကျောင်းသား/သူများကိုယ်စား မနန်းမောက်နွမ်ဟွမ်က ကျေးဇူးတင်စကား ပြန် လည်ပြောကြားခဲ့သည်။
၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရ ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်း ကျောင်းသား/သူ (၁)ဘာသာမှ (၆)ဘာသာအထိ စုစုပေါင်း (၆၅၁)ဦးရှိခဲ့ပြီး (၆) ဘာသာဂုဏ်ထူးရကျောင်းသား/သူများထဲမှ မြန်မာနိုင်ငံလုံးအဆင့်တွင် အဆင့် (၇)ရရှိသူ တစ်ဦး ပါဝင်ကြောင်း သိရှိရသည်။
Visitors: 8,518