မိုးမောက်မြို့နယ်အတွင်း ရေကြီးနစ်မြှုပ်၍ ပျက်စီးသွားသော မိုးစပါးစိုက်ဧကများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား စက်တင်ဘာ(၂၄)
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း ရေကြီးရေလျှံခြင်း၊ သဲနှုန်း တင်ခြင်း များကြောင့် ဒေါ့ဖုန်းယန်နှင့် မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပျက်စီးသွား သော မိုးစပါးစိုက်ဧကများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို စက်တင် ဘာ(၂၄)ရက်က အဆိုပါ ဒေသများရှိ တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့မှုကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်နှင့် လီဆူတိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာတီယောဟန်တို့က ယနေ့နံနက်(၁၁)နာရီ (၄၀)မိနစ်တွင် ဒေါ့ဖုန်းယန်မြို့ ဖာကေကျေးရွာနှင့် နမ့်ပိုင်ကျေးရွာများ အတွင်း ပျက်စီးသွားသော မိုးစပါးစိုက်ဧက (၁၄၅ ဒဿမ ၄၈)ဧကအတွက် ထောက်ပံ့ငွေကျပ် (၄၆၄၀၀၀၀)ကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အဆိုပါ ဒေသရှိ တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အလားတူ မိုးမောက်မြို့နယ် ဂျာရီ-ဒဂေါ်စိုက်ကွင်းများအတွင်း ပျက်စီးသွားသော တောင် သူ(၁၀)ဦး၏ မိုးစပါးစိုက်ဧက (၂၆)ဧကအတွက် ထောက်ပံ့ငွေကျပ် (၈၃၂၀၀၀)ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးများ ထောက်ပံ့ပေးအပ် ခဲ့ကြရာ တောင်သူများကိုယ်စား ဦးဖော်ရွှေနော်အောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြား ခဲ့သည်။
Visitors: 8,447