မိုးကောင်းမြို့နယ်နှင့် ဟိုပင်မြို့ရှိ မိုးစပါးသီးနှံပျက်စီးတောင်သူများ၊ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်

မိုးကောင်း၊ စက်တင်ဘာ (၂၂)
မိုးကောင်းမြို့နယ်နှင့် ဟိုပင်မြို့ရှိ မိုးစပါးသီးနှံပျက်စီး တောင်သူများနှင့် မသန်စွမ်းသူများ ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့မနက်(၉)နာရီခွဲတွင် မိုးကောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဦးဝေလင်းက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အတူ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မို့မောက် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်တို့က မြို့နယ်အတွင်းရှိ ထိုပူး၊ တောင်နီ ၊ ထုံးရေပေါက်၊ နမ္မနကျေးရွာတို့မှ ပျက်စီးလယ်ယာမြေ ၃၁၆ ဧကအတွက် ငွေကျပ်(၁၀၁၁၂၀၀၀)နှင့် ဟိုပင်မြို့ ၄ ဧကအတွက် ကျပ်(၁၂၈၀၀၀)တို့ကို တောင်သူများ ထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးက မြို့နယ်အတွင်းရှိ မသန်စွမ်းသူ(၂၂၄)ဦးအတွက် တစ်ဦးလျှင်ငွေကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၆၇၂၀၀၀၀)ကို ထောက်ပံ့ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက လက်ခံရယူသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် မိုးကောင်းပြည်သူ့ဆေးရုံကြီးအတွက် လှူဒါန်းထားသော ကျပ်သိန်း(၅၀)ကို အလှူရှင်များကိုယ်စားထေက်ပံ့ပေး အပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကောင်းမြတ်စံက လက်ခံရယူခဲ့သည်။
Visitors: 8,518