ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား စက်တင်ဘာ(၂၂)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့သာယာလှပရေးအတွက် ပြုပြင်ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူယနေ့နံနက်ပိုင်းတွင် မြို့တွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက် ဆမားလမ်းပေါ်၌ လမ်းဘေး ဝဲ/ယာလမ်းမီးတိုင်များ စိုက်ထူဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မီးတိုင်များ စိုက်ထူရာ တွင် စနစ်တကျရှိစေရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ဆမားလမ်းနှင့် ဆွမ်ပရာဘွမ်လမ်း ဆုံနေရာ၌ မီးပွိုင့်တပ်ဆင်ပြီးစီးမှုအခြေအနေနှင့် တြိဂံတုံးနေရာတွင် အလှဆင်ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ရန်ကြီးအောင်ရပ်ကွက် အံတော်ရှင်ဘုရားအနီး ရထားသံလမ်းကူးနေရာတွင် လမ်း ပြုပြင်ဆောင်ရွက်နေမှု၊ ပြည်ထောင်စုလမ်းမကြီးနှင့် ဆွမ်ပရာဘွမ်လမ်းဆုံနေရာတွင် လမ်းတိုးချဲ့ဆောင် ရွက်နေမှု၊ အဆိုပါ လမ်းဆုံနေရာတွင် မီးပွိုင့်များတပ်ဆင်၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး စီစဉ်ဆောင် ရွက်လျက်ရှိသည့် အခြေအနေများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ယုဇနရပ်ကွက်အ တွင်း အနော်ရထာလမ်း AC ကတ္တရာခင်း ကျင်းနေမှုနှင့် လမ်းဘေးဝဲ/ယာ ရေနှုတ်မြောင်းများဆောင် ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တပ်ကုန်းရပ်ကွက်ရှိ ရွှေလမ်းမကြီးကို ပေ(၃၀) အကျယ် လမ်းတိုးချဲ့၍ ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် လမ်းဘေးဝဲ/ယာ အုတ်စီရေမြောင်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကမ်းနားလမ်းတစ် လျှောက်အများပြည်သူ အပန်းဖြေအားကစားလေ့ကျင့်နိုင်ရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Visitors: 8,447