ပြည်နယ်ဝန်ကြီး ရွှေကူမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအခြေအနေကို ကွင်းဆင်းစစ်ဆေး

ရွှေကူ စက်တင်ဘာ(၂၁)
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်နေမှုအခြေအနေများကို ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းသည် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ် ဆေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် စီသာကျေးရွာအုပ်စု မံနားကျေးရွာစု၌ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း ပထမနှစ်စက်ဝန်းအဖြစ် အရှည်(၅၃၅) ပေ၊ (၁၂)ပေအကျယ် ကွန်ကရစ်လမ်းနှင့် ကွန်ကရစ်တာဘောင်ဖြင့် ပေ(၃၀၀)အရှည်ရှိ ရွာတွင်း လမ်းသဲကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နန့်လှန်ကျေးရွာ ရွာတွင်းလမ်း သဲကျောက်ခင်းခြင်းလုပ်ငန်းနှင့် (၂၀၁၈-၁၉)ဘဏ္ဍာနှစ် ခွင့်ပြုငွေ ကျပ်(၁၂၅)သန်းဖြင့် ဆောင်ရွက်ပြီးစီးသည့် ရွှေကူ-ငါးဘတ်ကြီး ကွန်ကရစ်လမ်းနှင့် ပူခိုင်ကျေး ရွာ မြစိမ်းရောင်စီမံကိန်း(၃)နှစ်ပြည့် အတိုးရငွေဖြင့် ရွာအဝင်တံတားအား ပြုပြင်ဆောက် လုပ် ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက်ရွှေကူမြို့၊ မြို့တော်ခန်းမ၌မသန်စွမ်းသူများအားထောက်ပံ့ငွေပေးအပ်ပွဲအခမ်း အနားသို့တက်ရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်း တို့က အမှာစကားပြောကြားကာ မြို့နယ်အတွင်းရှိ မသန်စွမ်းသူ(၄၃၀)ဦးတို့အား တစ်ဦးလျင် ငွေကျပ်သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၂၉)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ ထိုမှတစ်ဆင့် အမှတ်(၂)ရပ်ကွက်ရှိ ငြိမ်းအေးချမ်းသာလူမှုကူညီရေးအသင်းသို့သွားရောက်ပြီး ငွေကျပ်(၁)သိန်း ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
Visitors: 8,528