လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေး

မြစ်ကြီးနား စက်တင်ဘာ (၂၀)
(၅၄)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ကုတင်-၅၀၀ဆံ့ အထွေထွေရောဂါ ကုဆေးရုံကြီး၊ သွေးလှူဘဏ်ဌာနတွင် စက်တင်ဘာ(၂၀)ရက် နံနက်(၈)နာရီက စုပေါင်းသွေး လှူဒါန်းခဲ့ကြသည်။
ထိုသို့ စုပေါင်းသွေးလှူဒါန်းရာသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးသူရမျိုးတင်က ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထက်လွင်၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လွင်မောင်သိန်းတို့နှင့်အတူ မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး သိန်းနိုင်နှင့် ပြည်နယ်/ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ သတင်းရဲတပ်ဖွဲ့၊ မှုခင်း ရဲတပ်ဖွဲ့စု၊ ရထားရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၉၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ အမှတ်(၂) မူးယစ်တပ်ဖွဲ့စုနှင့် အမှတ်(၁၂)လူကုန်ကူမှုတားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့မှ အရာရှိ နှင့်အခြားအဆင့်တပ်ဖွဲ့ဝင်များ စုစုပေါင်း (၈၃)ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့မှုကို လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီး အင်အားဖြည့်အချိုရည်များ၊ ကြက်ဥများနှင့် အားဖြည့်မုန့်များကို ပေးအပ် ခဲ့ကြသည်။
Visitors: 8,447