ကချင်ပြည်နယ် ကလေးစာပေပွဲတော်(မြစ်ကြီးနား) ကျင်းပပြုလုပ်နိုင်ရေး အကြိုရှင်းလင်းဆွေးနွေး

မြစ်ကြီးနား စက်တင်ဘာ(၁၈)
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ် ကျင်းပမည့် ကချင်ပြည်နယ်ကလေးစာပေပွဲတော် (မြစ်ကြီးနား) ကျင်းပပြုလုပ်နိုင်ရေးအတွက် စက်တင် ဘာ(၁၈)ရက် မွန်းလွဲ(၂)နာရီတွင် မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပွဲတော် ကျင်းပရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အကြိုရှင်းလင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက် ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကချင်ပြည်နယ်ရုံးမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်ချိုနွယ်ဌေးဝင်းက ကလေးစာပေပွဲတော် ကျင်းပပြုလုပ်နိုင်ရေးနှင့် ပတ်သက်သည့် အစီအစဉ်များနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး၊ခရိုင်မြို့ကြီးများအဆင့် ပွဲတော်များ ကျင်းပပြုလုပ်ခဲ့သည့် အခြေအနေများနှင့် စပ်လျဉ်း၍ ပါဝါပွိုင့်ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပွဲတော်ကျင်းပပြုလုပ်နိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကလေးများသည် အနာဂတ်နိုင်ငံ့တာဝန် ကို ထမ်းဆောင်မည့်သူများဖြစ်သည့်အတွက် အမှား/အမှန်ကို ဝေဖန်ပိုင်းခြားတတ်သူများ ဖြစ်လာစေရန် အတွက် ငယ်စဉ်ကတည်းက စာပေ၌ ပျော်မွေ့ပြီး စာဖတ်ခြင်း အလေ့အကျင့်ဖြစ်ပေါ်လာစေရေး ကလေး စာပေပွဲတော်များကို ကျင်းပပြုလုပ်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကချင်ပြည်နယ်အတွင်း ကလေးစာပေပွဲတော်များကို ခရိုင်မြို့ကြီးများအဆင့်အဖြစ် မြစ်ကြီးနား ခရိုင်နှင့် ဗန်းမော်ခရိုင်တို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ကလေးစာပေပွဲတော်ကို လာမည့် အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရှိ ရသည်။
Visitors: 8,447