မြစ်ကြီးနားမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ကျင်းပ

မြစ်ကြီးနားမြို့ စက်တင်ဘာ ၁၆
စက်တင်ဘာ(၁၆)ရက်နေ့တွင် ကျရောက်သည့် ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော် ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးကျော်အောင်မိုး ကကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၁၈ခုနှစ်၊ ကမ္ဘာ့အိုဇုန်း လွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဗီဒီယိုမှတ်တမ်းနှင့် ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ် မှ ညွှန်ကြားရေးမှူးချုပ် Erik Solheim ၏ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ သဝဏ်လွှာကို ဖွင့်လှစ် ပြသခဲ့သည်။
ယင်းနောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ကျင်းပခဲ့သည့် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်က အထက်တန်း၊ အလယ်တန်း အဆင့်စာစီစာကုံးဆုရရှိသူများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာက အထက်တန်းနှင့်အလယ်တန်းအဆင့်ကွန်ပျူ တာပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများ၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်က မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင်ဆုရရှိသည့်ကျောင်းသား/သူများအား ဂုဏ် ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ညွှန်ကြားရေးမှူး က အခမ်းအနား ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့ကြသည့် NGO အဖွဲ့အစည်းများမှ တာဝန်ရှိသူ များအားဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ NGO၊ INGO များနှင့် အခမ်းအနားတက်ရောက် လာသူများက ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြသထားသည့် ပြခန်း ငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
Visitors: 8,447