ပြည်နယ်အတွင်းရှိ မိုင်းအန္တရာယ်ကြောင့်ထိခိုက်ဒဏ်ရာရသူများ၊ မသန်စွမ်းသူများအား ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား စက်တင်ဘာ(၁၅)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကချင်ပြည်နယ်အတွင်း ရှိ မိုင်းအန္တရာယ်ကြောင့်ထိခိုက်ဒဏ်ရာရသူများ၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ရှေးဦးစွာ ယနေ့နံနက်(၉)နာရီ (၅၅)တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဌာနဆိုင်ရာအကြီးအကဲများအား မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ် တို့သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိုင်းထိပြည်သူများ၊ မသန် စွမ်းသူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ နိုင်ငံအဝန်းကူညီကယ်ဆယ်ထောက်ပံ့ ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည် နယ်အတွင်း မူးယစ်ဆေးသုံးစွဲသူများပြန်လည်ထူထောင်ရေးနှင့် IDPs စခန်းနေပြည်သူများအတွက် ပြည်ထောင်စုဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် ပြည်နယ်အတွင်းရှိ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ မသန်စွမ်းသူများ အတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က မိုင်းအန္တရာယ်ကြောင့်ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးလျင်ငွေကျပ်(၂)သိန်းနှုန်းဖြင့် စုစုပေါင်း (၂၃)ဦးတို့အတွက် ငွေကျပ်(၄၆၀၀၀၀၀)တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ မသန်စွမ်းသူများ အတွက် တစ်ဦးလျင် (၃)သောင်းနှုန်းဖြင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မသန်စွမ်းသူဦးရေ (၇၅၄)ဦးတို့ အတွက် ငွေကျပ်(၂၂၆)သိန်း(၂)သောင်း၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ မသန်စွမ်းသူဦးရေ (၃၇၈)ဦးတို့ အတွက် ငွေကျပ်(၁၁၃)သိန်း(၄)သောင်း၊ ရွှေကူမြို့နယ်အတွင်းရှိ မသန်စွမ်းသူဦးရေ (၄၃၀)ဦးတို့အတွက် ငွေကျပ်(၁၂၉)သိန်း၊ မံစီမြို့နယ်အတွင်းရှိ မသန်စွမ်းသူဦးရေ (၁၇)ဦးတို့အတွက် (၅)သိန်း(၁)သောင်းနှင့် မိုးမောက်မြို့နယ်၊လွယ်ဂျယ်၊ဒေါ့ဖုန်းယန်မြို့များအတွင်းရှိမသန်စွမ်းဦးရေ(၁၆၁၉)ဦးတို့အတွက် ငွေကျပ် (၄၈၅)သိန်း(၇)သောင်းနှင့် ဗန်းမော်၊ ပူတာအို၊ ဆွမ်ပရာဘွမ်နှင့် မချမ်းဘောမြို့နယ်များရှိ မသန်စွမ်းသူ ဦးရေ(၆၈၁)ဦးတို့အတွက် ငွေကျပ်(၂၀၄)သိန်း (၃)သောင်းကိုပေးအပ်ရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်တို့ကလက်ခံရယူခဲ့ကြပြီး မိုင်းထိပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ လူမှုဝန်ထမ်းရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လယ်ကုန်းရပ်ကွက်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများများ ပြန်လည်ထူထောင်ရေး စခန်းနှင့် နန်ကျင်ရပ်ကွက်ရှိ ရပ်ရွာလူထုအခြေပြုတည်ထောင်ထားသည့် ခရစ်ယာန်လူငယ်ပြုစုပျိုး ထောင်ရေးကျောင်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်ထောင်စုဝန်ကြီးက ခရစ်ယာန် လူငယ်ပြုစုပျိုးထောင်ရေးကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၅)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
Visitors: 8,518