ကျေးလက်ဒေသအခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်းဆင်းပွဲ ကျင်းပ

မြစ်ကြီးနား စက်တင်ဘာ (၁၄)
စက်မှုဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့၏ကြီးကြပ်မှုဖြင့် လျှပ်စစ်ဘေးအန္တရာယ် ကင်းရှင်းရေး၊ မျိုးဆက်သစ်လျှပ်စစ်ကျွမ်းကျင်သူများ ရွေးထုတ်ပေးနိင်ရေး၊ ဒေသတွင်း အလုပ်အ ကိုင်အခွင့်အလမ်းများရရှိရေးအတွက် ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း (၁၇)မြို့နယ်မှ ဒေသခံ သင်တန်းသား (၁၂၁)ဦးတို့ဖြင့် ဖွင့်လှစ်ပေးခဲ့သည့် ကျေးလက်ဒေသအခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့ လျားသင်တန်းအမှတ် (၁/၂၀၁၈)ကို ယနေ့နံနက် (၉)နာရီခွဲတွင် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းကို ၂၀.၈.၂၀၁၈ ရက်နေ့မှ ၁၄.၉.၂၀၁၈ ရက်နေ့အထိ ရက်သတ္တပတ် (၄)ပတ်ကြာ စက်မှုဝန်ကြီးဌာနမှ လက်တွေ့နယ်ပယ်များအတွင်း စစ်ဆေးဆောင်ရွက်နေကြသည့် သင်တန်းဆရာများက လျှပ်စစ်အခြေခံသဘောတရားများ၊ လျှပ်စစ်ဝါယာများ၊ လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်း၊ အိမ်သုံးလျှပ်စစ်မီးများကို စစ်ဆေးဆောင်ရွက်ခြင်း စသည့်တို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။
သင်တန်းဆင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီးဦးဝင်းညွန့်က ကျေးလက်ဒေသမီးလင်းရေးကို နိုင်ငံတော်မှ အရှိန်အဟုန်ဖြင့် ဆောင် ရွက်ပေးလျက်ရှိရာ ၂၀၁၈ - ၂၀၁၉ခုနှစ်၊ စက်တင်ဘာလအထိ ကျေးရွာပေါင်း (၈၆၂)ရွာအား မီးလင်း အောင်ဆောင်ရွက်ပေးထားပြီး ကျန်ရှိသည့် ကျေးရွာပေါင်း (၁၆၈၅)ရွာကိုလည်း ဓါတ်အားဖြန့်ဖြူး ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ရာ ဓါတ်အားရရှိခဲ့ပါက လျှပ်စစ်ကျွမ်းကျင်သူ အများအပြား လိုအပ်လာမည်ဖြစ်သည့်အတွက် အလုပ်အကိုင်ရရှိရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်က သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ် ဝန်ကြီးက သင်တန်းတွင် ပံ့ပိုးကူညီပေးခဲ့သည့် ပြည်နယ်အခြေစိုက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းဖြစ်သည့် ဘူးဂါးကုမ္ပဏီလီမိတက်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းတွင် ပထမဆုရ သင်တန်းသားနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဒုတိယဆုရရှိသည့် သင်တန်းသားနှင့် တတိယဆု ရရှိသည့် သင်တန်းသားအား ပြည်နယ်ညွှန်ကြားရေးမှူးတို့က ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြ ရာ သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့သည်။
Visitors: 8,447