နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)ကျောင်းဝင်းအတွင်း ကချင်ပြည်နယ်သယံဇာတ ရေးရာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

 နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)ကျောင်းဝင်းအတွင်း ကချင်ပြည်နယ်သယံဇာတ ရေးရာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မြစ်ကြီးနား     ဇွန် ၁၁

          နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)ကျောင်းဝင်းအတွင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတ ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းမိသားစုများ၏ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၁၁ ရက် နံနက် ၇ နာရီခွဲက အဆိုပါ ကျောင်းဝင်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

          မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပြည်နယ်သယံဇာရေးရာဝန်ကြီး ဦးတိန့်ဆောင် ဦးဆောင်၍ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး ဦးစီးဌာန၊ အမှတ်(၂)သတ္ထုတွင်းဦးစီးဌာန၊ သတ္ထုတွင်းဦးစီးဌာန၊ ဆားလုပ်ငန်း၊ မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်းစသည့် ဦးစီးဌာနလုပ်ငန်း (၁၆)ခုမှ ပြည်နယ်ဦးစီးမှူးများ၊ ပြည်နယ်တာဝန်ခံများနှင့် ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် နည်းပြဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်အနီး ကွင်းပြင်၌ ကံကော်၊ ခရေ၊ ရေတမာ၊ ထင်းရှုး၊ မန်ဂျန်ရှားစသည့် သစ်မျိုး ၁၁ မျိုးမှ ပျိုးပင်ပေါင်း ၄၄၄ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။၏

          ထို့နောက် ပြည်နယ်ဝန်ကြီးက စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်ဖြစ်ထွန်းစေရေး ပြုစုပျိုးထောင် ပေးခြင်း၊ မြေသြဇာထည့်သွင်းပေးခြင်းတို့ကို အလေးထားလုပ်ဆောင်ကြရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီး သစ်ပင်စိုက်ပျိုးပွဲတက်ရောက်လာကြသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ကျောင်း သား/ ကျောင်းသူများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး သိရှိရသည်။