ဆဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

မြစ်ကြီးနား စက်တင်ဘာ (၁၃)
ဆဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကို စက်တင်ဘာ(၁၃)ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင်က အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများအား မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများ တွင် အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းဗွီဒီယိုကို ဖွင့်လှစ်ပြသခဲ့သည်။
ဆက်လက်၍ ဆဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျင်းပခဲ့သည့် ပြည်နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲနှင့် ပိုစတာပြိုင်ပွဲများတွင် အထက်တန်းနှင့် အလယ်တန်းအဆင့် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများနှင့် တာဝန်ဝတ္တရား များကို စွမ်းစွမ်းတမံထမ်းဆောင်နိုင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တို့အား ပြည်နယ်လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးအဖွဲ့ဥက္ကဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် အခမ်းအနားကိုရုပ်သိမ်းလိုက်ပြီး ဆုရရှိသည့် ကျောင်းသား/သူများနှင့်အတူ အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြသထားသည့် အသိပညာပေးပြခန်းငယ်ကို ပြည်နယ်ဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက လှည့်လည်ကြည့်ရှုခဲ့ကြသည်။
Visitors: 8,518