ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်-မြစ်ကြီးနားခရိုင်ချင်းဆက်လမ်းပိုင်း AC ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား စက်တင်ဘာ(၉)
ကချင်ပြည်နယ်အတွင်း မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းလုပ်ငန်းစီမံကိန်းပေါ်ရှိ ဗန်းမော်-မြစ်ကြီးနားခရိုင်ချင်းဆက်လမ်း မိုးမောက်မြို့နယ်မှ ဒေါ့ဖုန်းယန်ဒေသအတွင်း ပြည်နယ် လမ်းဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် လမ်းလုပ်ငန်းများဆောင်ရွက်နေမှုကို စက်တင်ဘာ(၈)ရက်က ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်တို့သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းစီမံကိန်းလုပ်ငန်းအတွင်း ဗန်းမော်-မြစ်ကြီးနားကား လမ်းမပေါ်ရှိ မိုးမောက်မြို့နယ်၊ နွမ်လမ်းမှ ဒေါ့ဖုန်းယန်ဒေသအတွင်း AC ကတ္တရာခင်းခြင်းလုပ်ငန်း (၂၃)မိုင်လမ်းဆုံးနေရာ၌ ရေပိတ်လွှာခင်းကြိတ်ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး ခါ့လားချောင်းပေါ်တွင် ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောက် လုပ်ထားသည့် အကျိုးပြုဧက (၃၀၀)ရှိ ဝိန်းမွန်ကျေးလက်ရေလွှဲဆည်အခြေအနေအား ပြုပြင်ဆောင် ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းစီမံကိန်းရုံး ရှင်းလင်းဆောင်၌ ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်း AC ကတ္တရာခင်းခြင်း (၂၃)မိုင်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ကို ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လမ်းလုပ်ငန်းများ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေအတွက် ညှိနှိုင်း ဆောင်ရွက်ပေးပြီး ထိုမှတစ်ဆင့် မိုးမောက်မြို့နယ်၊ နွမ်လမ်းကျေးရွာအထိ အဆိုပါလမ်းတစ်လျှောက် သိပ်သည်းထုအပွန်းခံလွှာခင်းကြိတ်ခြင်းလုပ်ငန်း၊ လမ်းဘေးနှစ်ဘက် ကွန်ကရစ်ဘောင်ပြုလုပ်ခြင်း လုပ်ငန်း၊ မြေသားလမ်းပခုံးပြုလုပ်ခြင်း၊ မြေသားဘောင်ချဲ့ခြင်းလုပ်ငန်းနှင့် ကျောက်စီရေမြောင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အူထန်ယန်ချောင်းကူးနေရာ၌ ချောင်းရေတိုက်စား မှုကြောင့် လမ်းပုခုံးသားပျက်စီးမှုအခြေအနေအား အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေါ့ဖုန်းယန်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်း၌ ဆရာမများ၊ သင်တန်းသူများနှင့် တွေ့ဆုံအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်း ကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၅)သိန်းပေးခဲ့ပြီး ဒေါ့ဖုန်းယန်ပြည်သူ့ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကာ ဆေးဝါးကုသမှုခံယူနေသော လူနာများအား အာဟာရများနှင့် ဆေးရုံအတွက် ထောက်ပံ့ငွေကျပ် (၅)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
Visitors: 8,447