ကချင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ မြစ်ကြီးနားမြို့ ဘုရားကျောင်းကန်ပရဝုဏ်များအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

မြစ်ကြီးနား စက်တင်ဘာ(၈)
(၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်ရဲတပ် ဖွဲ့ဝင်များအနေဖြင့် ဘုရားကျောင်းကန်ပရဝုဏ်များအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ သီတာ ရပ်ကွက် ဆုတောင်းပြည့်ဘုရားပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြသည်။
အဆိုပါ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထက်လွင်၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီးလွင်မောင်သိန်းနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲ၊ ခရိုင်ရဲတပ်ဖွဲ့၊ ရဲသတင်းတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ လူကုန်တားရဲတပ်ဖွဲ့၊ ရထားနှင့်လေ ကြောင်းရဲတပ်ဖွဲ့တို့မှ အရာရှိတပ်ဖွဲ့ဝင်များနှင့် အခြားအဆင့်ရဲတပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ စုစုပေါင်းအင်အား(၁၀၀)ကျော်တို့သည် ဆုတောင်းပြည့်ဘုရားပရဝုဏ်အတွင်း၌ ပေါင်းမြက်များခုတ် ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များရှင်းလင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
အလားတူပင် စက်တင်ဘာ(၁)ရက်နေ့ကလည်း ရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ မြစ်ကြီးနားမြို့ အံတော်ရှင်ဘုရားစေတီတော်ဝန်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိ ရသည်။
Visitors: 8,518