ပြည်နယ်ဝန်ကြီးချုပ် မြို့တွင်းမိန်းလမ်းမများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား စက်တင်ဘာ(၁)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တွင်းမိန်းလမ်းမကြီးများ တိုးချဲ့ဆောင်ရွက်ရာတွင် အများ ပြည်သူ ယာဉ်အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးနှင့် စနစ်တကျရှိစေရေးတို့အတွက် ယနေ့ နံနက် ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနပိုင် ယခင် ကားကြီးကွင်းဟောင်းနေရာ၌ ရေကူးကန်အပါအဝင် ခေတ်မီအားကစားကွင်းတည်ဆောက်နိုင် ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး ရုံးကြီးလမ်းတိုးချဲ့ဆောင်ရွက်နိုင်ရေးအ တွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးနှင့် ဝန်ထမ်းအိမ်ရာအုတ်တံတိုင်း ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ပြည်သူ့ဆေးရုံကြီး အဝင်လမ်း ပြောင်းရွှေ့ဆောင်ရွက်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် မြန်မာ့စီးပွာရေးဘဏ်လမ်း တိုးချဲ့ခင်းကျင်းဆောင်ရွက်နေသည့်အတွက် လမ်း ထောင့်ရှိ ထရန်စဖော်မာအား ပြောင်းရွှေ့တပ်ဆင်ဆောင်ရွက်နေမှု၊ ဆမားလမ်းနှင့် ဆွမ်ပရာဘွမ်လမ်း ဆုံနေရာ၌ ဆောင်ရွက်လျက်ရှိသည့် တြိဂံတုံးနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ သူလေးများ၏ စက်တင်ဘာ (၁၃)ရက်နေ့တွင် ကျရောက်မည့် ဆဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာ ကုံး၊ ကာတွန်း၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲ ကျင်းပပြုလုပ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နာရီစင်အဝိုင်းပတ် လမ်းဆုံနေရာ၌ လမ်းတိုးချဲ့ ဆောင်ရွက်ပြီး မီးပွိုင့်များစနစ်တကျတပ်ဆင်ရေး ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သံလမ်းကူးလမ်းကျဉ်းနေရာအား တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် ပြည်ထောင်စုလမ်းမကြီးနှင့် သခင် နက်ဖေလမ်းဆုံ မီးပွိုင့်နေရာ၌ (၆)လမ်းသွား တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြကာ လမ်းများတိုးချဲ့ဆောင်ရွက်ရာတွင် လမ်းဘေးပလက်ဖောင်းနှင့်ရေမြောင်းများ စနစ်တကျဆောင်ရွက် သွားရေး၊ လမ်းနယ်မလွတ်သည့် မီးတိုင်နှင့်ဖုန်းတိုင်များအား စနစ်တကျပြောင်းရွေ့စိုက်ထူနိုင်ရေးနှင့် မြေပြင်အခြေအနေကို စနစ်တကျကွင်းဆင်းတိုင်းတာစစ်ဆေး၍ ဆောင်ရွက်သွားကြရန်နှင့် မိန်းလမ်း မကြီးများဖြစ်သည့်အတွက် အများပြည်သူယာဉ်အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေး အထူးအလေး ထားဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
Visitors: 8,518