ကချင်ပြည်နယ်ဝန်ကြီးချုပ် လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ

မြစ်ကြီးနား သြဂုတ်(၃၁)
ကချင်ပြည်နယ်လူငယ်ရေးရာအဖွဲ့ဝင်များ၏ မဟာဗျူဟာရေးဆွဲရေး လုပ်ငန်းစဉ်များနှင့် Youth Centre တည်ထောင်နိုင်ရေးအတွက် ယနေ့ နံနက် (၉)နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ကချင် ပြည်နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယင်းသို့တွေ့ဆုံရာတွင် ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်က လူငယ်ရေးရာမူဝါဒနှင့် လူငယ်ရေးရာကော်မတီများ ပေါ် ပေါက်လာပုံနှင့် ပြည်နယ်လူငယ်ရေးရာကော်မတီကို ဖွဲ့စည်းပြီး မူဝါဒနှင့် မဟာဗျူဟာရေးဆွဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုအခြေနှင့် စပ်လျဉ်း၍ တင်ပြခဲ့ပြီး လူငယ်ရေးရာကော်မတီအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက မဟာဗျူဟာရေးဆွဲရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လူငယ်များအတွက်အရေးပါသည့် Youth Centre တည်ထောင်နိုင်ရေးအတွက် လိုအပ်ချက်များ ကို တင်ပြခဲ့ကြသည်။
ယင်းနောက် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က လူငယ်များအနေဖြင့် အနာဂတ်ကို ဖော်ဆောင်ရမည့်သူများ ဖြစ်သည့်အတွက် တာဝန်ကြီးမားပါကြောင်း၊ မိမိတို့ နိုင်ငံ၏ အခြေအနေအမှန်ကိုသိရှိပြီး မိမိနိုင်ငံ၊ မိမိတို့ပြည်နယ်၏ အနာဂတ်ကို ပုံဖော်ဆောင်ရွက်ကြမည့် ခေါင်းဆောင်များဖြစ်လာစေရန် အသိပ ညာများလေ့လာလိုက်စားပြီး အတတ်ပညာနယ်ပယ်တွင်လည်း နောက်ကျသင်ယူခြင်းမရှိစေရေး ကြိုးစားသင်ယူသွားကြရန်နှင့် မူဝါဒနှင့် မဟာဗျူဟာရေးဆွဲရာတွင်လည်း လိုအပ်ချက်များ အဆင် ပြေစေရေး မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ် ကော်မတီအဖွဲ့ဝင်များ၏ Youth Centre လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်း ပေးခဲ့သည်။
ယင်းနောက် ကော်မတီအဖွဲ့ဝင်များ၏ မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစဉ်များကို ကော်မတီ ဥက္ကဋ္ဌနှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
Visitors: 8,518