ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ပြင်ဆင်ပြုစုရေး အကျိုးသက်ဆိုင်သူများ၏ ဆွေးနွေးအကြံပြုချက်များရယူ

မြစ်ကြီးနား သြဂုတ်(၃၁)
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ နည်းဥပဒေပြင်ဆင်ပြုစုရေး အစိုးရအဖွဲ့၊လွှတ်တော်နှင့် ဆက်စပ်ဌာနများ၊အရပ်ဖက်အဖွဲ့အစည်းများ၊ ဌာနေတိုင်းရင်းသားများနှင့် သက်ဆိုင်ရာဒေသခံအစုအဖွဲ့များ၏ ဆွေးနွေးအကြံပြုချက်များရယူခြင်း ဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မြန်မာနိုင်ငံအတွက် ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝနယ်မြေများကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းသည် စိန်ခေါ်မှုများ ပါကြောင်း၊ ယခုကဲ့သို့ ဥပဒေနှင့် နည်းဥပဒေများကို ပြောင်းလဲပြင်ဆင်သည့်နေရာတွင် အကျိုး သက်ဆိုင်သူများအားလုံး အထူးသဖြင့် ဌာနတိုင်းရင်းသားများနှင့်ဒေသခံပြည်သူများ ပူးပေါင်းပါဝင် ဆွေးနွေးပြီး အားလုံးလက်ခံနိုင်သည့် ဘုံသဘောတူညီချက်များမှ တစ်ဆင့် ပိုမိုကောင်းမွန်အကျိုးရှိ သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာနည်း ဥပဒေကိုပြုစုပြင်ဆင်ရေးဆွဲနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပကတိလက်ရှိအခြေအနေကို ထင်ဟပ်ပြီး ကောင်းမွန်အားကောင်းသည့် နည်းဥပဒေဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူပြုဖို့ရန်အများ သဘောတူသည့် အကြံပြုချက်များရရှိနိုင်ရေး တက်ရောက်လာသူများက အပြန်အလှန်လေးစားစွာ ဖြင့် အပြုသဘောဆောင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းသွားကြရန် လိုအပ်ကြောင်း တိုက်တွန်း ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ များ၊ WCS နှင့် NGO ၊ INGO များ၊ ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် နည်းဥပဒေပြင်ဆင်ပြုစုခြင်းဆိုင်ရာ အကျိုးသက်ဆိုင်သူများအားချပြခြင်း နှင့် ဆွေးနွေးပွဲလုပ်ငန်းစဉ်များအား ရှင်းလင်းခြင်း၊ ဥပဒေဆန်းစစ်လေ့လာတင်ပြခြင်းနှင့် ရပ်ရွာမှ ဦးဆောင်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းနမူနာများ၊ နည်းဥပဒေ ပြင်ဆင်ပြုစုခြင်းဆိုင်ရာအဓိကအကြောင်းအရာများကို သစ်တောဦးစီးဌာန၊ UNSECO ၊ WCS တို့မှတာဝန်ရှိသူများကရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများနှင့် ဒေသအစုအဖွဲ့သဘာ ဝထိန်းသိမ်းရေး နယ်မြေ၊ ဒေသခံပြည်သူပူးပေါင်းပါဝင်သည့် စီမံအုပ်ချုပ်မှုဆိုင်ရာများ၊ သဘာဝ အခြေခံခရီးသွားလုပ်ငန်းနှင့် စပ်လျဉ်းသည့် အုပ်စုဖွဲ့ဆွေးနွေးသုံးသပ်ခြင်းနှင့် အကြံပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
Visitors: 8,527