ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်/ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံမှာကြား

မြစ်ကြီးနား သြဂုတ်(၂၈)
မြို့နယ်အလိုက် ပြည်သူများ၏လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ပေးရာတွင် ညှိနှိုင်းပူး ပေါင်းဆောင်ရွက်သွားကြဖို့ရန် လိုအပ်ကြောင်း ယနေ့နံနက်(၁၀)နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခန်းမ၌ ကျင်းပသည့် ပြည်နယ်/ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညှိနှိုင်းအစည်း အဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများအား မှာကြားခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက ဒေသအလိုက် ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် လိုအပ်ချက်များ၊ တွေ့ကြုံရသည့်အခက်အခဲများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ချက်များ၊ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ညှိနှိုင်းဆောင်ရွက်ပေးရန်ကိစ္စများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မြို့နယ်အုပ်ချုပ်ရေးမှူးများ အနေဖြင့် ပြည်သူများ၏လိုအပ်ချက်များကိုတင်ပြကြရန်လိုအပ်ပြီး ပြည်သူများ၏ အရေးကိုဖြေရှင်း ဆောင်ရွက်ရာတွင် မိမိတို့အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ထို့အပြင် သက်ဆိုင်ရာဒေသအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်ရင်း/တပ်ဖွဲ့များနှင့်ညှိနှိုင်းဆွေးနွေး ၍ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက် နေရသကဲ့သို့ အချိန်နှင့် တစ်ပြေးညီ ပေါ်ပေါက်လာသော ကိစ္စရပ်များကို ဖြေရှင်းပေးကြရာတွင် ကြိုးစား၍ ညှိနှိုင်းဆောင်ရွက်တတ်ကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
Visitors: 8,447