ပြန်လည်စွန့်လွှတ်မြေယာကိစ္စရပ်များနှင့် တိုင်ကြားစာများအပေါ် အမြန်ဆုံးစိစစ်ဆောင်ရွက်ပေးနိုင်ရေး ပြည်နယ်/ခရိုင်/မြို့နယ်ကော်မတီများ လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား သြဂုတ်(၂၇)
ကချင်ပြည်နယ်အတွင်း ပြန်လည်စွန့်လွှတ်မြေများနှင့် မြေယာကိစ္စရပ်များအပေါ် တိုင်ကြားစာများ အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်နယ်/ ခရိုင် / မြို့နယ်လယ်ယာမြေနှင့်အခြားမြေများသိမ်း ဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ် ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ပြည်နယ်ကော်မတီအနေဖြင့် ဆောင်ရွက် လျက်ရှိသောယခင်အစိုးရလက်ထက်ပြည်ထောင်စုလွှတ်တော်စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်းများ ပါမြေယာကိစ္စရပ်များ၊ ဗဟို/ ပြည်နယ်/ ခရိုင်/ မြို့နယ်ကော်မတီအသီးသီးသို့ တင်ပြတိုင်ကြားစာများနှင့် ပြန်လည်စွန့်လွှတ်သော မြေများအပေါ်သက်ဆိုင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်သည့် အမှုကိစ္စများ နှင့်ပတ်သက်၍သက်ဆိုင်ရာအဆင့်ဆင့်သောကော်မတီများအနေဖြင့် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက် (၅)ချက်၊ ဗဟိုကော်မတီ၏ မူဝါဒလုပ်ငန်းစဉ် (၅၂)ချက်တို့နှင့်အညီ စနစ်တကျစိစစ်ဆောင်ရွက်ရန်နှင့် မြေယာတိုင်ကြားစာများကို ညွှန်ကြားချက်နှင့်အညီ အမြန်ပြီးစီးအောင် ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ကော်မတီအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက ဗဟိုကော်မတီ၏လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်လယ် ယာမြေစီမံခန့်ခွဲရေးနှင့်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ကော်မတီအတွင်းရေးမှူး ဦးသန်းဝင်းက ပြည်နယ်အတွင်း လယ်ယာမြေများအား သက်ဆိုင်ရာမူလပိုင်ရှင်များထံပြန်လည်လွှဲပြောင်းပေးအပ်ပြီးစီးမှု အခြေအနေများ၊ တိုင်းကြားစာများအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆောင်ရွက်ဆဲအခြေအနေများ ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်နှင့်မြို့နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်း ဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက ပြန်လည်စွန့်လွှတ်မြေများနှင့် တိုင်ကြားစာများအပေါ် ခရိုင်၊ မြို့နယ်အလိုက်ကော်မတီများ၏ စိစစ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများအပေါ်အမြန်ဆုံးစိစစ်အရေးယူဆောင်ရွက်ပေးနိုင်ရေးညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ကချင်ပြည်နယ်အတွင်း ပြန်လည်စွန့်လွတ်မြေအမှုပေါင်း(၂၃၀)မှုရှိပြီး မူလပိုင်ရှင်များထံသို့ ပြန်လည် အပ်နှံပြီးစီးပြီဖြစ်ကြောင်းကို ဗဟိုကော်မတီသို့တင်ပြပြီးဖြစ်သဖြင့် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်းနှင့် တိုင်ကြားစာနှင့် ပတ်သက်၍ ဗဟိုကော်မတီ ပြန်လည်လွှဲပြောင်းသည့် တိုင်ကြားစာများအပါအဝင် ပြည်နယ်၊ ခရိုင်၊မြို့နယ်များကော်မတီများသို့ တိုင်ကြားစာပေါင်း (၃၆၆)စောင်အနက် (၃၁၀)ကို ဆောင်ရွက်ပြီးစီးပြီဖြစ် ကြောင်း အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။
Visitors: 8,447