ဟိုပင်၌ တောင်သူပညာပေးလယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုအခြေခံ သင်တန်းဖွင့်လှစ်

ဟိုပင် သြဂုတ် ( ၂၁ )
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ အမှတ် ၉၃ စက်မှုလယ်ယာစခန်းခွဲ စက်မှုလယ်ယာဦးစီး ဌာနမှကြီးမှူးဖွင့်လှစ်သည့် ဒေသခံတောင်သူပညာပေး လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံ သင်တန်းကို သြဂုတ် (၂၁) ရက် နံနက် (၁၀) နာရီတွင် စက်မှုလယ်ယာဦးစီးဌာန အမှတ် ၉၃ စက်မှု လယ်ယာစခန်းခွဲ၌ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲကို ကချင်ပြည်နယ်အစိုရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီး ဦးမြသိန်း တက်ရောက်အမှာစကားပြောကြားပေးခဲ့ပြီး သင်တန်းတွင် တစ်လုံးထိုးလက်တွန်း ထွန်းစက်အင်ဂျင်အမျိုးမျိုး၊ ဂီယာဘောက် အမျိုးမျိုး၊ Sonalika လေးလုံးထိုး၊ မြင်းကောင်ရေ- ၉၀၊ KUBOTA- Cobime DC- 70G စပါးရိတ်စက်တို့ဖြင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို ရက်သတ္တပတ် နှစ်ပတ်ကြာ မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၂) အုပ်စုတို့မှ သင်တန်းသား (၃၀) ဦး တို့အား စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ သိရှိရသည်။
သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဆန်းက စက်မှုလယ်ယာစနစ် အသွင်ကူးပြောင်းရေးဆိုင်ရာများနှင့် ပတ်သက်၍ ကျေးရွာများ တွင်လယ်ယာလုပ်သားအင်အားရှားပါပြီးရာသီဉတုဖောက်ပြန်လာခြင်းတို့ကြောင့် သီးနှံများအချိန်မီ ထွန်ယက် စိုက်ပျိုးနိုင်ရန်၊ လယ်ယာသုံးစက်ကိရိယာများအား ကျွမ်းကျင်စွာကိုင်တွယ်မောင်းနှင်နိုင်ရန်နှင့် ပြုပြင်ထိန်း သိမ်းနိုင်ရေးတို့အတွက် လိုအပ်သော ကျွမ်းကျင်စက်မောင်းနှင့် စက်ပြင်လုပ်သားများ တိုးပွားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထိုသင်တန်းကို တက်ရောက်ရခြင်းကြောင့် မိမိဒေသလုပ်ငန်းခွင်အတွင်း လက်တွေ့ ပြန်လည် အသုံးချ နိုင်တော့မည်ဖြစ်သည့်အတွက် များစွာအကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း သင်တန်းသားတစ်ဦးက ပြော ကြားခဲ့သည်။
Visitors: 8,518