မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

မြစ်ကြီးနား သြဂုတ်(၂၁)
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည့် ဆဌမအကြိမ် မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ထိရောက်အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်/ ခရိုင်/ မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များက သြဂုတ်(၂၀)ရက် နံနက်ပိုင်းတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ဆဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက် ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွတ်ဆို၊ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများ ပြုလုပ်ကျင်းပရာတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးပြခန်း ထည့်သွင်းပြသနိုင်ရေး၊ အသိပညာပေး လက်ကမ်းစာဆောင်များဖြန့်ဝေပေးနိုင်ရေးနှင့် ပြိုင်ပွဲအလိုက်ဆုရသူများအား ဆုချီးမြှင့်ပေးနိုင် ရေးတို့စသည့် အစီအစဉ်များနှင့် ပတ်သက်၍ ပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်၊ အမှတ်(၁၂)လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စု ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲမှူးစိုးမင်းတို့နှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်လူကုန်ကူးမှုတား ဆီးကာကွယ်ရေးအဖွဲ့ဝင်များက ကဏ္ဍအလိုက် အသီးသီးညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ကချင်ပြည်နယ် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကာတွန်း၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများကို စက်တင်ဘာ (၈)ရက်နေ့တွင် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းအဆိုပါအစည်းအဝေးမှ သိရှိရသည်။
Visitors: 8,518