ကျေးလက်ဒေသအခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ တက်ရောက်အားပေး

မြစ်ကြီးနား သြဂုတ်(၂၀)
ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေး၊ ကျေး လက်နေပြည်သူများ လျှပ်စစ်နှင့် ပတ်သက်သည့် ဗဟုသုတ၊ အသိပညာများကို သိရှိနားလည်လာစေ ရန်၊ မျိုးဆက်သစ်လျှပ်စစ်ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရေးတို့အတွက် စက်မှုဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ပေးသည့် ကျေးလက်ဒေသအခြေခံ လျှပ်စစ် ကျွမ်းကျင်မှုရွှေ့လျားသင်တန်း(၁/၂၀၁၈)ဖွင့်ပွဲသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည် နယ်ဝန်ကြီးချုပ်တို့ တက်ရောက်အမှာစကားပြောကြားကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ယနေ့အချိန်ကာလတွင် နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူများလူထု၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေမှု အဆင့်အတန်းမြင့်မားရေးအတွက် စီမံချက်များချမှတ်ဆောင်ရွက်နေပါကြောင်း၊ စက်မှုဝန်ကြီးဌာန အနေဖြင့်လည်း ပြည်သူများ၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦဖြစ် သောအသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် စီမံချက်များချမှတ်ပြီး ယခုလို သင်တန်းများကို အကောင်အထည်ဖော်ဆောင်ရွက် ပေးနေပါကြောင်း၊ ယခုသင်တန်း လျှပ်စစ်ဆိုင်ရာ စက်ကိရိယာများ ကိုင်တွယ်/ ပြုပြင် /ထိန်းသိမ်း ခြင်းများနှင့် ပတ်သက်၍ မျိုးဆက်သစ်လျှပ်စစ်ကျွမ်းကျင်များကို မွေးထုတ်ပေးနိုင်သလို၊ မိမိကိုယ် တိုင်နှင့် မိမိတို့ပတ်ဝန်းကျင်ရှိ လျှပ်စစ်သုံးစွဲသူများကို အန္တရာယ်ကင်းရှင်းရေးအတွက်လည်း များစွာ အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ပြည်နယ်အတွင်း လျှပ်စစ်ဓာတ် အားရရှိမှု၊ သုံးစွဲမှုအခြေအနေနှင့် သင်တန်းသားများအနေဖြင့် သင်ကြားပို့ချပေးသည့် ပညာရပ်များ အပေါ် အခြေခံ၍ ပိုမိုတိုးတက်အောင် ကြိုးစားသင်ယူစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းစုံမှ အဆိုပါသင်တန်းသို့ တက်ရောက်လာ ကြသည့် သင်တန်းသား/သူ (၁၁၁)ဦးတို့နှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အတူ စက်မှုဝန်ကြီးဌာနမှ ဒီဇိုင်းတီထွင်ထုတ်လုပ်ထားသည့် Mobile Vocational Training Truck ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် မြစ်ကြီးနားမြို့ရှိ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြည်နယ်ဦးစီးမှူးနှင့်အရာထမ်းများ၏ တင်ပြ မှုကို လိုအပ်ချက်များဖြည့်စွက်မှာကြားပြီး အဆိုပါရုံး၌ သင်တန်းဖွင့်လှစ်သင်ကြားနေမှုနှင့် Mobile Vocational Training Truck ပေါ်၌ သင်တန်းသားများ၏ လျှပ်စစ်ပတ်လမ်းဖြင့် အခြေခံ လျှပ်စစ်မီးသွယ်တန်းတပ်ဆင်ခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။
ယနေ့ဖွင့်လှစ်သည့် ကျေးလက်ဒေသအခြေခံ လျှပ်စစ်ကျွမ်းကျင်မှု ရွှေ့လျားသင်တန်း (၁/၂၀၁၈) ကို ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား/သူ (၁၁၁)ဦးတို့အား အခြေခံလျှပ်စစ်၊ လျှပ်စစ်ဝါယာများ၊ ကောင်းကင်ဓာတ်အား လိုင်းကြောင်း၊ မြေဓာတ်ချခြင်းနှင့် မိုးကြိုးလွှဲတပ်ဆင်ခြင်း၊ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းနှင့် လျှပ်စစ်ပတ်လမ်းနှင့် အိမ်သုံးလျှပ်စစ် ပစ္စည်းများ၊ သွယ်တန်းပြီးလျှပ်စစ်ကြိုးစစ်ဆေးခြင်းတို့ စသည့်သင်ခန်းစာများကို စက်မှုဝန်ကြီး ဌာနမှ လက်တွေ့နယ်ပယ်များအတွင်း စစ်ဆေးဆောင်ရွက်နေကြသည့် စစ်ဆေးဆိုင်ရာအတွေ့အကြုံ ရှိ ဆရာ/ ဆရာမများက သင်ကြားပို့ချပေးကြမည့် အပြင် နည်းပညာတက္ကသိုလ်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဘူးဂါးလျှပ်စစ်ဓာတ်အားပေး လုပ်ငန်းနှင့် ပြည်နယ်ကြက်ခြေနီ၊ မီးသတ်တပ် ဖွဲ့တို့မှလည်း ဟောပြောဆွေးနွေးသွားမည်ဖြစ် ကြောင်းသိရှိရသည်။
Visitors: 8,518