ကချင်ပြည်နယ် (၂၀၁၈)ခုနှစ်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်ဖွင့်လှစ်

မြစ်ကြီးနား သြဂုတ်(၁၅)
ကချင်ပြည်နယ် ၂၀၁၈ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ် ဖွင့်ပွဲအဖြစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအထိမ်းအမှတ် မိခင်နို့တိုက်ကျွေးမှု စံပြမိခင်ပြိုင်ပွဲ တွင်ဆုရရှိသူများအားဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ကလေးငယ်များအား ဗီတာမင်အေဆေးလုံးတိုက်ကျွေး ခြင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား ဗီတာမင်ဘီဝမ်းဆေးပြားများနှင့် သံဓာတ်ဆေးပြား များတိုက်ကျွေးမှု အစီအစဉ်များဖြင့် ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပခဲ့ကြသည်။
မြန်မာနိုင်ငံတွင် DHS (Demographic Health Survay) ၂၀၁၆ အရ ကြာရှည်စွာ အာဟာရချို့တဲ့သဖြင့် ၅နှစ်အောက်ကလေးအရပ်ပုနှုန်း (၂၉.၁%)နှင့် ကချင်ပြည်နယ်တွင်(၃၆.၁%) တွေ့ရှိရပြီး ၅ နှစ်အောက် ကလေး ၃ ယောက်တွင် ၁ ယောက်သည် နာတာရှည်အာဟာရချို့တဲ့မှု ကြောင့် ပုညှက်နေကြောင်းနှင့် ၅ နှစ်အောက်ကလေး သွေးအားနည်းရောဂါဖြစ်ပွားမှုနှုန်းမှာလည်း အဆိုပါ စစ်တမ်းအရ အသက် (၁၅)နှစ်မှ (၅၀)နှစ်အောက် အမျိုးသမီးများမှာ(၄၇%) တွေ့ရသည့် အတွက် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှသာလျှင် အာဟာရ အခြေအနေတိုးတက်ပြီး ငါးနှစ်အောက်ကလေး သေနှုန်းကိုထိရောက်စွာလျှော့ချနိုင်မည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနားမှ သိရှိရသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါက်တာဂျေကော့ဘူနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၏ဇနီးတို့က ၂၀၁၈ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအထိမ်းအမှတ် မြစ်ကြီးနား၌ ပြုလုပ်သည့် မိခင်နို့တိုက်ကျွေးမှု စံပြမိခင်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်နှင့် အခမ်းအနားတက်ရောက်လာ သူများက အာဟာရပြခန်းငယ်နှင့် အိုင်အိုဒင်းဆား အရည်အသွေး စစ်ဆေးမှုတို့ကို ကြည့်ရှုအားပေး ခဲ့ကြသည်။
ယင်းနောက် ကလေးငယ်များအားဗီတာမင်အေဆေးလုံးနှင့် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင် များအား ဗီတာမင်ဘီဝမ်းဆေးပြားများနှင့် သံဓာတ်ဆေးပြားများ၊ အာဟာရများကို ဖြန့်ဝေပေးခဲ့ ကြသည်။
ကချင်ပြည်နယ်အတွင်း အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများကို မြစ်ကြီးနား၊ တနိုင်း၊ မိုးညှင်း၊ ဗန်းမော်၊ အချမ်းဘောမြို့များတွင် မိခင်နို့တိုက်ကျွေးမှုစံပြမိခင်များရွေးချယ်ခြင်း၊ ကိုယ်ဝန်ဆောင်နှင့် ၅ နှစ်ကလေးအမေများအတွက် အာဟာရပြည့်ဝမျှတတဲ့ အစားအစာများပြင် ဆင်ချက်ပြုတ်သရုပ်ပြခြင်းများကိုဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းသား/သူများအားသန်ချဆေး တိုက်ကျွေးခြင်း၊ ရပ်ကွက်/ ကျေးရွာများတွင်လည်း ကလေးငယ်များအား သန်ချဆေးနှင့် ဗီတာမင် အေဆေးလုံး တိုက်ကျွေးခြင်းများ၊ ကျောင်းနှင့်စျေးများတွင် အိုင်အိုဒင်းဆားအရည်အသွေးစစ်ဆေး ခြင်းတို့နှင့် မြို့နယ်အားလုံးတွင် အာဟာရပညာပေးခြင်းများ စသည့်လှုပ်ရှားမှုများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
Visitors: 8,518